[UNICODE]
"လေဆိပ်အထိလိုက်လာတာလား ခွေးပေါက်လေး။ ကိုယ့်ကို မလွှတ်ရက်ဘူးပေါ့ ဟုတ်လား?" တိချိုဟဲလည်း သူ့မျက်နှာချင်းဆိုင်မှာ ထိုင်လိုက်ပြီး လက်နှင့် မေးကို ပွတ်ပြီး သူ့ကို ပြုံးပြီးကြည့်နေသည်။
ဟဲပိုင်လည်း သူ့ကို လျစ်လျူရှုထားပြီး အိတ်ထဲမှ စာရွက်စာတမ်းထုတ်ကာ ပေးလိုက်သည်။ "ရော့ ကြည့်ပြီးရင် တစ်ဖက်ကို ဖုန်းဆက်ပြီး အကြောင်းပြန်ဖို့ မမေ့နဲ့။ အခုတလော မင်းက ဖုန်းနံပါတ် အစိမ်းတွေကို မဖြေတော့ တစ်ဖက်က ကြံရာမရဖြစ်ပြီး ငါ့ကို လွှတ်လိုက်တာ"
တိချိုဟဲလည်း မျက်ခုံးပင့်ပြီး စာရွက်စာတမ်းကို တစ်ချက်ကြည့်ပြီး အံ့သြစွာနဲ့ "Brand Ambassador စာချုပ်လား? နွားသားရေလက်ပတ်နာရီ Brand Ambassador အနေနဲ့ ငါ့ကို လုပ်စေချင်တာလား?"
ဟဲပိုင် ခေါင်းငြိမ့်လိုက်ပြီး ပိုက်ဆံအိတ်ထဲက ဒဂ္ဂါးပြားတွေ ထုတ်ပေးလိုက်ပြီး သူ့ရှေ့တွန်းပေးလိုက်သည်။ "ရော့ ၁၆၄ ကျပ် မင်းကို ၂ ပြား တိုးပေးလိုက်တယ်။ ရက်ရောတဲ့အတွက်တော့ ကျေးဇူးမတင်ပါနဲ့တော့ မင်းရသင့်ပါတယ်"
ဒဂ္ဂါးပြားချင်း ပွတ်တိုက်နေသံက အတော်လေး ကြည်လင်ပြီး သာယာဖွယ်ကောင်းလှသည်။ တိချိုဟဲလည်း စာရွက်စာတမ်းကို အောက်ချပြီး မျက်လုံးလေးစင်းကာ
"ခွေးပေါက်လေး"
ဟဲပိုင်လည်း သူ့ကိုကြည့်ပြီး တည်ငြိမ်စွာနှင့် "ကျွန်တော်ကို ဟဲပိုင်လို့ ခေါ်ပေးပါ ကျေးဇူးပါ"
"အော် ရှောင်ပိုင်" တိချိုဟဲလည်း ပြတ်သားစွာ ပြန်ဖြေလိုက်သည်။ နောက်တော့ ဒဂ္ဂါးပြားကို အိတ်ထဲထည့်ပြီး နားအနားတိုးပြီး တိုးတိုးလေး ပြောလိုက်သည်။ "မင်းက ကိုယ့်ကို စိတ်ပူနေတာမလား ကိုယ်သွားတော့မှာ သိလို့ အထူးတလည် ကိုယ့်ကို ငွေလာပေးတာမဟုတ်လား"
နွေးထွေးသည့် လေနွေးလေးတစ်ချက် နားရွက်နား ဖြတ်တိုက်သွားပြီး ဟဲပိုင်လည်း ကျောတစ်ချက် စိမ့်သွားသည်။ နောက်တော့ ချောင်းတစ်ချက်ဟန့်လိုက်သည်။
တိချိုဟဲ:"......"
ဟဲပိုင်လည်း အန်ချင်စိတ်နှင့် နားရွက်ကို ပွတ်ကာ တစ်သျှူးယူကာ ပါးစပ်နှင့်နှာခေါင်းကို ကာလိုက်ပြီး
YOU ARE READING
One Useless rebirth ( မြန်မာဘာသာပြန်)
Romance[UNICODE] ကောင်လေးနှစ်ယောက်၊ တစ်ယောက်က အလွတ်တန်းဓာတ်ပုံဆရာ၊ နောက်တစ်ယောက်က နာမည်ကြီး ရုပ်ရှင်ဘုရင်လို့ ခေါ်စမှတ်ပြုနိုင်တဲ့ သရုပ်ဆောင်မင်းသား... သူတို့ရဲ့ တွေ့ဆုံပုံလေးက... ဓာတ်ပုံဆရာလေး ဟဲပိုင်က ရုပ်ရှင်ဘုရင် တိချိုဟဲ အသတ်ခံရတဲ့ မြင်ကွင်းကိုမှ အမှတ...
