Ringing...Ringing....
"Hello!...ကလေး ပြော..."
"ဟယ်ရို!...ကရေး ဟုတ်ဝူး...
ဧကရာဇ်ဖုန်းမြင့်ပါ ပေပေ...""သြော်...သားသားလား...
ဘာဖြစ်လို့လဲ?သားသား...""ပါပါးကိုရေ ဖွားဖွားရီးရိုက်နေရယ်...
ပေပေ ညန်ညန်ရာခဲ့ပါတဲ့...
ပါပါး ဆက်ခိုင်းရို့...""ဟင်...ဖွားဖွားကြီးက ရိုက်နေတယ်ဟုတ်လာ...ဘာနဲ့ရိုက်နေတာလဲ? သားသား..."
"ကြိမ်ရုံး နဲ့ ပေပေ...
ညန်ညန်ရာခဲ့ပါနော်...
သားသား ပါပါးက်ို တွားကူရိုက်ဦးမယ်နော်...
ဒါပဲ...ဒါပဲ...."သားသားကပြောပြီး ဖုန်းကိုချသွားတယ်..။ ဖွားဖွားကြ်ီးဆိုတော့..ကလေးရဲ့အမေ အမေတို့အိမ်မှာရောက်နေတာထင်တယ်..။ ဘာတွေသွားမွှေနေလည်း မသိဘူး...အမေက ကြိမ်လုံးနဲ့တောင်ရိုက်တယ်ဆိုတော့...မဖြစ်ဘူး မြန်မြန်သွားမှလို့ပဲ တွေးပြီး..ဆိုင်ကနေ အမြန်ထွက်လာလိုက်တယ်..။
.........................
"ဧကရာဇ်ဖုန်းမြင့်...ဖယ်ပေးနော်...
မင်းပါပါးကိုရိုက်မှဖြစ်မှာ...
မင်းပါနာမယ်နော်...""ဟင့်အင်း...ပါပါးကိုရိုက်ပါနဲ့...
ပါပါးနာယိမ့်မယ်...""အဟင့်...မေမေကလည်း ပါတဲ့သူကပါသွားပြီပဲဟာက်ို....
သားနဲ့ဘာဆိုင်လို့လဲ?...""ဘာ!!...မင်း အခုထိပြောနိုင်သေးတယ်နော်...
မင်းကြောင့်လေ...မင်းမြှောက်ပေးလို့ဖြစ်တာလေ...ဒုန်း!.." ဆိုပြီး ဒေါ်သီတာက ပြောလည်းပြော သူရဖုန်းမြင့်ကို ကြိမ်လုံးနဲ့လှမ်းရိုက်တာ ရှောင်လိုက်တော့..စားပွဲပေါ် ထိမိသွားသည်..။ သူရဖုန်းမြင့်အရှေ့မှာတော့..ဧကရာဇ်ဖုန်းမြင့်က လက်ကာပေးထားကာ သူ့အဖွားဆီက ကာပေးထားတယ်..။"အဟင့်...ဟင့်...မေမေ..."
သူရဖုန်းမြင့်တို့မထိရသေးဘူး ငိုချင်ယောင်ဆောင်နေပြီ...
"ဖွားဖွားရီး...ပါပါးကို ရိုက်ပါနဲ့ရှို..."
"မင်းပါပါးမွှေတာ မင်းမသ်ိပါဘူး..ဖုန်းမြင့်အသေးစားရာ..ဖယ်ပေး..."
"ဖယ်ဝူး...ဖယ်ဝူး..."
"သားသား မဖယ်နဲ့နော်.."
YOU ARE READING
ဦးရဲ့သည်းငယ်လေး (Completed)
Romanceသည်းငယ်လေး မင်းကြိုက်သလောက်ဆိုးစမ်းပါ မင်းဆိုးနေတာလေးကို ဦးကချစ်တာမို့လို့