Chapter(204) - ပြောဖို့ခက်တယ်

4.4K 1K 114
                                    

Unicode

အခန်း(၂၀၄) - ပြောဖို့ခက်တယ်

လင်ရွှမ်းဇီမှာရယ်ရခက်ငိုရခက်ဖြစ် သွားရသည်။ကြည့်ရတာလင်လျိုချွန်း ကသူနဲ့ပိုင်ရိချန်ရဲ့ဆက်ဆံရေးအပေါ်မှာ အကြီးကြီးလွဲနေပုံရသည်။

သူကအလျင်အမြန်ပဲရှင်းပြလိုက်၏။

"စတုတ္တအကြီးအကဲကျွန်တော့ကို ဆက်ပြီးဟာသမလုပ်ပါနဲ့တော့... ကျွန်တော်နဲ့သခင်လေးပိုင်ရဲ့ကြားက ခင်မင်ရင်းနှီးမှုကသန့်စင်ပြီးလူကြီး လူကောင်းတွေကြားကခင်မင်မှုမျိုးပါ ...အဲ့ဒါကအကြီးအကဲပြောသလို မရှုပ်ထွေးဘူး"

လင်လျိုချွန်းက'ဟန့်'ဟုအသံထွက် လိုက်ပြီးသိပ်ယုံပုံမရပေ။

"မင်းရှန်မိသားစုရဲ့အမျိုးသမီးလေး ကိုမသိဘူးဆိုမှတော့ငါမင်းရဲ့ငြင်းဆိုမှု ကိုမိသားစုဆီပြန်ပြောပေးမယ်... ရှန်မိသားစုရဲ့ဘက်ကိုတော့...သူတို့ဆီ သွားရောက်လည်ပတ်ဖို့ကိုငါတာဝန်ယူ မှာမဟုတ်ဘူး"

လင်ရွှမ်းဇီမှာတော်တော်လေးခေါင်း ကိုက်သွားရသည်။သူသည်လည်းသူ တို့ဆီသွားလည်ဖို့တာဝန်ကိုမယူချင် ဘူးလေပြီးတော့လင်မိသားစုကတစ် ခြားတစ်ဖက်ကိုဘာပြန်ပြောထားလဲ ဆိုတာလည်းသူမသိဘူး။သူတို့သူ့ အတွက်ပြဿနာမရှာပေးထားရင် တော့အကောင်းဆုံးပဲ.....

ဘယ်လိုပဲဖြစ်ဖြစ်သူတို့ကအဲ့ဒီကိစ္စ ကိုကျော်ချလိုက်ပြီးလင်ရွှမ်းဇီကလည်း နှလုံးသားထဲထည့်မထားချေ။

လင်ရွှမ်းဇီကသူ့ရပ်တည်ချက်ကိုပြော ပေးပြီးနောက်လင်လျိုချွန်းကထွက်ခွာ သွားခဲ့သည်။လင်ရွှမ်းဇီကသူ့ခံစားချက် ကိုပြန်ပြီးပြင်ဆင်ကာယန်ထျန်းဟန်ဆီ တံခါးသွားခေါက်လေသည်။

ယန်ထျန်းဟန်ကလွန်ခဲ့တဲ့ရက်အနည်း ငယ်တုန်းကအခန်းကိုဖျက်ဆိးလိုက် တာကြောင့်တည်းခိုခန်းဝန်ထမ်းများ ကသူ့အတွက်တစ်ခြားအခန်းတစ်ခု ပြင်ဆင်ပေးခဲ့ပြီးအဲ့ဒါကလင်ရွှမ်းဇီ အခန်းနှင့်အနည်းငယ်လှမ်းနေသည်။

သူဝင်သွားတဲ့အချိန်မှာယန်ထျန်းဟန် ကဖင်လေးကုန်းပြီးခေါင်းပြောင်ငှက် လေးအားသူ့လက်ချောင်းလေးများနဲ့ ထိုးနေသည်။ကျားပေါက်လေးနှစ်ကောင် ကတော့သူ့ဘေးမှာပတ်ပြေးနေပြီး ထိုငှက်လေးအားတစ်လုပ်ထဲမျိုချလိုက် ချင်သော်လည်းယန်ထျန်းဟန်ကြောင့် မဆင်မခြင်မလုပ်ရဲကြသည့်ပုံပေါ်နေ၏။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now