
20.8K 1.9K 160
                                    

အပိုင်း(၂၆)

နှုတ်ဆက်ခြင်း

"ဥက္ကဋ္ဌ စေထားရာ...ရှယ်ယာတွေက ဆက်တိုက်ထိုးကျနေတယ်...ကျွန်တော်တို့ ရှယ်ယာရှင်တွေအတွက် ခင်ဗျား ဖြေရှင်းချက်တစ်ခုခုပေးမှ ဖြစ်မယ်"

"ကုမ္ပဏီအခြေအနေက အဆိုးဆုံးရောက်နေပြီ...ဥက္ကဋ္ဌစေထားရာ ဒီတိုင်း မရှင်းမလင်း လုပ်နေလို့ မဖြစ်ဘူး"

ရှယ်ယာရှင် အစည်းအဝေး ထိပ်ဆုံးရှိ သူ့အား နားပူနေကြသော ရှယ်ယာရှင်များကြောင့် စေထားရာ စိတ်ပျက်နေရသည်။ PSအရမ်းစီးပွားဖြစ်ချိန် အမြဲမခုတ်တတ်တဲ့ ကြောင်လို ငြိမ်ကုတ်နေကြသော အဘိုးကြီးများက အခုလိုအချိန်ကျ သူတို့ရှယ်ယာများအတွက် စိုးရိမ်ကာ ဆူပူသောင်းကျန်းနေကြသည်။

"သေသွားတဲ့ အလုပ်သမားတွေရဲ့ မိသားစုဝင်တွေကို သေချာလိုအပ်သမျှ စီစဉ်ပေးပြီး သွားတောင်းပန်ခိုင်းထားတယ်မလား...အခြေအနေ ဘယ်လိုလဲ လင်းထက်"

"တောင်းပန်လို့ မရပါဘူး boss...သူတို့က အခုကိစ္စတွက် မကျေနပ်ကြပါဘူး...သူတို့ဘက်က ဘယ်လိုမှ ကျေအေးပေးမဲ့ပုံ မရှိပါဘူး"

"ဒီလိုချိန် ဒုမန်နေဂျင်းက ဘယ်ရောက်နေလဲ...ဒုတိယ ရှယ်ယာအများဆုံး ရှယ်ယာရှင်က ခုလိုချိန်ကျ ခေါင်းရှောင်နေတာလား"

အကုန်လုံး ဘယ်သူမှ ပြန်မပြောနိုင်ကြ။ ဒုမန်နေဂျင်း ဘယ်ရောက်နေမှန်း သူတို့လည်း သိပုံမရချေ။

"Boss ရှယ်ယာရှင် တချို့လည်း ရှယ်ယာရှင် အစည်းအဝေးတက်ရောက်မလာကြပါဘူး...ဆက်သွယ်လို့လည်း မရပါဘူး Boss"

စေထားရာ ကိစ္စတစ်ခုအား စဉ်းစားမိသွားသည်။

"လင်းထက် ဒုမန်နေဂျင်းက ရှယ်ယာ 20%ရှိတယ်မလား...ငါ့ထက် 15%ပဲ နည်းတယ်...အခု ပျက်ကွက်တဲ့ ရှယ်ယာရှင်တွေအားလုံးပေါင်း ရာခိုင်နှုန်းက ဘယ်လောက်လဲ"

ကွန်ပျူ တာဖြင့် ရှယ်ယာစာရင်းအား ကြည့်နေသော လင်းထက်က အထိတ်တလန့်ဖြင့် သူ့ဘက်လှည့်ကာ ပြောလာ၏။

"18%ပါ Boss"

စေထားရာ လက်သီးအား ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။ ကြိုတင်ကြံစည်ခြင်း၊ အမှောင်ထဲမှ ပုန်းခိုတိုက်ခိုက်ခြင်းဖြင့် တဖက် ရန်သူမှ အနိုင်ရသွားချေပြီ။

စေရာ(Complete)Where stories live. Discover now