💜 S3 EP - 34 💜

78.4K 7.6K 990
                                    

Unicode...
>>>>>>>>>

.
.

Demon ပါတီဝင်းထဲပြန်ဝင်သွားစဥ် လမ်းမှာ ဆွာမန် နဲ့တွေ့သည် ။ ဆွာမန် သည် Demon နဲ့ သီးသန့်စကားမပြောဖူးပေမယ့် သူ့စိတ်ထဲမှာ Demon ဟာ နောက်ခံကောင်းတစ်ခုအပြင် သူစိတ်ဝင်စားမိနေတဲ့တစ်ယောက်တည်းသောသူမို့ သူကြိုးစားကြည့်ချင်သည်။

အရင်တစ်ခေါက် Demon ဒီမြို့တော်ကိုလာစဥ်အခါကတစ်ခါဆုံတွေ့ခဲ့ဖူးသည်။ ထို့ဆုံတွေ့မှု့ဟာ Demon အတွက်မဖြစ်စလောက်ဆိုပေမယ့် ဆွာမန် အတွက်တော့ အမှတ်တရပင်။

Demon သည် ဆွာမန် ကို တွေ့ပေမယ့်အေးစက်စက်နဲ့တစ်ချက်ကြည့်ကာဆက်လျှောက်သွားလိုက်သည်။ ဆွာမန် က သူ့ကိုကျော်သွားတဲ့ Demon ကြောင့်စိတ်ပျက်သွားပေမယ့် Demon စရိုက်ကိုကအဲ့လိုပုံစံမျိုးမို့ သူ့ဘက်ကပဲစခေါ်လိုက်သည် ။

" Mr. ."

ဆွာမန် ခေါ်တော့ Demon ခြေလှမ်းတွေရပ်ကာခေါင်းအနည်းပဲစောင့်၍ ဆွာမန် အားကြည့်ကာ...

" ကိစ္စရှိလို့လား "

" ကျွန်တော်ကိစ္စရှိတယ်ဆိုရင် Mr နားထောင်ပေးမှာလား "

" ငါ့ကို အားယားနေတဲ့ကောင်ထင်နေလား "

ထိုသို့ပြောကာ Demon ပြန်ထွက်သွားဖို့ခြေလှမ်းပြင်လိုက်စဥ်...

" Mr ချစ်သူက အရမ်းနူးညံ့တဲ့ပုံစံလေးနော်.. ဘယ်လိုပြောရမလဲချစ်စရာလေးလို့လား "

ဆွာမန် ပြောလိုက်တဲ့စကားကြောင့် Demon မျက်မှောင်ကျုံ့ကာအံကြိတ်လျှက် ဆွာမန်ဘက်လှည့်လိုက်ပြီး ရင်ဘတ်ကိုဆုတ်၍ကိုင်မြှောက်ထားလိုက်သည်။

" မင်းဘာသောက်စကားလာပြောနေတာလဲ.. အသက်ရှင်ရတာငြီးငွေ့နေပြီလား ဒါမှမဟုတ် ဒီနေ့ရာမှာငါမင်းကိုမသတ်ရဲဘူးထင်နေတာလား!"

" မထင်ရဲပါဘူး.. Mr လုပ်ရဲတယ်ဆိုတာ ကျွန်တော်ကြိန်းသေပေါက်သိတာပေါ့.. ပြီးတော့ ကျွန်တော် Mrချစ်သူကိုစိတ်မဝင်စားဘူး "

အကြောက်လန့်မရှိတဲ့မျက်ဝန်းတွေနဲ့ Demon မျက်လုံးတွေကိုစိုက်ကြည့်ကာပြောနေတဲ့ဆွာမန် ကိုကြည့်ကာ Demon ကိုင်ထားတဲ့ရင်ဘတ်အကျီစကိုလွတ်ပေးလိုက်သည်။

ကိုကိုရဲ့ကလေးငယ် S3 [ Completed ]Where stories live. Discover now