°24°⚠⚠

11.9K 828 15
                                    

*ကိုယ့်ကို စိတ်ဆိုးမပြေသေးဘူးလား? ရွယ်*

ကလပ်ကို တစ်ယောက်ထဲ သွားသည်ဆိုသော အသိက ကျနော့်ရင်ကို အပူတွေပေးလေသည်။ အာဏာ့အပြောကြောင့် ကျနော် အမြန်ပြေးထွက်လာမိသည်က ကျနော်တို့ သွားနေကြ ကလပ်ဆီ။ ဒီရောက်တော့ တစ်ယောက်ထဲ ထိုင်ပြီး သောက်နေသည့် ရွယ့်ကို ကြည့်‌ေနသည့် အကြည့်တွေက စားတော့ ဝါးတော့မတတ်။

ကျနော် ရွယ့်အနားထိုင်ပြီး မေးလိုက်တော့ ဟိုဘက်ဘေး ကပ်သွားလေသည်။ ကျနော် ရွယ့်ဘေးနား ရောက်နေသည့်တိုင် ဘေးကကြည့်နေသည့် ကောင်တွေ၏အကြည့်က ခုထိ မဖယ်သေး။

*ဒီဘက်တိုး!*

*ဘယ်လိုဖြစ်နေတာလဲ! မင်းဘာသာ နေပါ့လား?*

ခါးကနေ ပြန်ဆွဲပွေ့ကာ ကျနော့်ဘေးခေါ်လိုက်တော့ ရွယ်က ကျနော့်ကို ခပ်စူးစူးလေး ကြည့်လာသည်။ ဒီကောင်လေးကို ဘေးထားပြီး တေဇ ဘာလို့အဲ့လောက် ပွေရှုပ်ခဲ့လဲ စဉ်းစားမရ။

*ကိုယ်မှမနေနိုင်ပဲ*

ရွယ်က ဘေးကပ်သွား၍ ထိုအနားထိ ကျနော် ပြန်ကပ်ကာ သူ့ကိုယ်လေးကို ခပ်တင်းတင်း ဖက်ထားလိုက်သည်။ ရင်ခွင်ထဲက ရုန်းထွက်နေသည်ကိူလဲ ကျနော်မမှုပေ။

*ရှိန်း*

အနောက်ကနေ ခပ်ချွဲချွဲအသံကြောင့် ကျနော် ကျစ်ခနဲ စုပ်သပ်မိသလို ရွယ်ကလဲ ကျနော့်လက်တွေကို ခပ်ဆက်ဆက်ဖြုတ်ချလိုက်သည်။ ပြီးတာနှင့် dancing floorဘက်လှည့်ကာ ကျနော့်ကို ကျောပေးထားလေသည်။

*ပြော*

ကျနော့်ပေါင်ပေါ်လာထိုင်သည့် ထိုကောင်မလေးကို ကျနော်မသိ။ အတိုအပြတ်တွေဝတ်ထားသည့်အပြင် သူမ၏ရင်ဘတ်တွေက ကျနော့်လက်မောင်းကို လာပွတ်တိုက်နေသည်။

*တို့ကို သတိမရဘူးလား*

*ငါ့ပေါ်ကဖယ်!*

*ရှိန်းကလဲကွာ*

ကျနော် ကျစ်ခနဲ စုပ်သပ်မိသလို ရွယ့်ကိုလဲ ကြည့်လိုက်သည်။ ရွယ်က ကျနော့်ကို စူးစမ်းသလို ပြန်ကြည့်နေလေသည်။

*ထွက်သွား! မင်းကိူလဲ မမှတ်မိဘူး။ မှတ်မိစရာလဲ မလိုဘူး။ ငါ့ကောင်လေးရှိတယ် ထွက်သွား!*

CrushWhere stories live. Discover now