Part 52(unicode)

7.3K 1.3K 309
                                    


Chapter 52;

ယနေ့သည်စနေနေ့ဖြစ်သော်လည်းကျန်ချန်က
ပုံမှန်အချိန်တိုင်းအိပ်ယာမှနိုးလာခဲ့သည်၊သူက
မနက်စာဝယ်ရန်အောက်ထပ်သို့ဆင်းပြီး လမ်းတစ်ဖက်မှဆိုင်တန်းများဆီသို့ ဖြေးဖြေးမှန်မှန်
ပြေးသွား၏။

မနက်ခင်းအစောသာရှိ​သေးပေမယ့် သွားလာ
နေသည့်လူအရေအတွက်က လီ​ပေါင်ကော်တို့
လမ်းထက်ပင်များ၏။ထို့အပြင် ဒီတစ်ဝိုက်မှာနေထိုင်သည့်သက်လတ်ပိုင်းဦးလေးနှင့်အန်တီများသည်ငယ်ရွယ်သူများအပေါ်အထင်အမြင်
သေးခြင်းမရှိပေ။

သူ့အတွက် မနက်စာဘာစားသင့်လဲဆိုသည်
မေးခွန်းမှာအတော်ခေါင်းကိုက်စေသည်။ထို့
ကြောင့်လက်နှစ်ဖက်ကိုအိပ်ကပ်ထဲထည့်ပြီး
မနက်စာရောင်းသည့်ဆိုင်ရှေ့မှာကျန်ချန်က
အရှေ့၊အနောက်လျှောက်နေခဲ့သည်။သူဘာ
စားရမည်ဆိုတာအတိအကျမသိတာကြောင့်
တုံ့ဆိုင်းနေမိခြင်းဖြစ်၏။

ထိုအချိန် လူတစ်ယောက်သည်သူ့နောက်နားမှ
တိုးတိုးကပ်ပြောလာသည်။
"ဖက်ထုပ်ပေါင်းတစ်ပွဲ။"

သူ့ညာဘက်နားရွက်နောက်နားမှပေါ်ထွက်လာ
သည့်အသံကသူနှင့်သိပ်ရင်းနှီးသည်။ကျန်ချန်ရုတ်တရက်မို့လန့်ဖျပ်ပြီးအရှေ့သို့ခုန်လိုက်၏၊
ထို့နောက် အိပ်ကပ်ထဲမှဖုန်းကိုကျစ်နေအောင်
ဆုပ်ပြီးအနောက်သို့လှည့်ကြည့်လိုက်သည်။

သူ့အနောက်မှာရပ်နေသည့်လူနှင့် မျက်နှာချင်း
ဆိုင်လိုက်သည့်အခါထိုအသံမှာကုဖေးရဲ့အသံ
မှန်း သူသဘောပေါက်သွား၏။ကုဖေးရဲ့အသံ
ကြောင့်တင်မဟုတ်၊ ကုဖေးရဲ့မျက်နှာကြောင့်
လည်း ပါသည်။

"Fuck?။".
ကျန်ချန်ကအံ့အားသင့်သွားတာကြောင့်ယောင်
ယမ်းပြီး ခြေလှမ်းများအနောက်သို့ဆုတ်လိုက်
သည်။သူသည်ကုဖေးကိုအထက်အောက်ကြည့်
ပြီး အိပ်ကပ်ထဲမှဖုန်းထုတ်ပြီး အချိန်ကြည့်လိုက်
၏။
"ဒီနေ့ ,နေကအနောက်အရပ်ကထွက်လာမှာ
မဟုတ်ဘူးမလား?။"

ထို့နောက် သူသည်ကောင်းကင်ကိုမော့ကြည့်
လိုက်သည်။
"မနေ့က အချိန်မကုန်သေးတာလား?။"

ကုဖေးက ရယ်သည်။
"အားမြောင်ကစော​ေစာနိုးလို့ပါ။သူ(မ)က
အိမ်ထဲမှာစကိတ်ပတ်စီးနေလို့ ငါ အိပ်ယာ
ထလာရတာ။ဒါ့ကြောင့်အစောကြီးရောက်
လာတာ။"

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Where stories live. Discover now