Part-2

10.7K 1.3K 125
                                    

Unicode...

တစ်လ​ကျော်ကြာပြီး​နောက်....

ဒီ​နေ့မနက် ဟိုဘိုး​တော်​ပေါက်​ပေါက်​ဖောက်​နေလို့ အ​မေပြင်​ပေးတဲ့မနက်စာ​တောင်မစားနိုင်ဘူး။ ၆နာရီ​တောင်မထိုး​သေးဘူးဗျာ။ အမင်္ဂလာ​တွေ ခ​ညောင်း​နေလိုက်တာ။ ဒါနဲ့ ​စော​စောစီးစီးထွက်လာပြီး ရှိုးရွန်းနားက အင်မတန်လက်ရာ​ကောင်းတဲ့ ​ဒေါ်ပုမ မုန့်ဟင်းခါးဝင်ဆွဲရ​တာ​ပေါ့။

"အ​ဒေါ်​ရေ...ခါတိုင်းလိုပဲ နံနံပင်များများ...
နံနံပင်မကြိုက်လို့မထည့်ခိုင်းတဲ့လူ​တွေအစား ကျွန်​တော့်ထဲ ​ပေါင်းထည့်​ပေးဗျာ"

မုန့်ဟင်းခါးဆို နံနံပင်​လေး​တွေအုပ်​နေမှ စား​ကောင်းတာ။ နံနံပင်မကြိုက်တဲ့သူ​တွေများ အံ့ဩလွန်းလို့။ ဒီ​လောက်​မွှေးတဲ့အပင်ကိုမကြိုက်ကြဘူး။ ဒေါ်ပုမက​တော့ အ​ကြောင်းသိလို့ ရွဲ့ပြီးထည့်တတ်တယ်ရယ်။ ဟင်းရည်ပိုထည့်ခိုင်းတဲ့လူ​တွေထက်စာရင်​တော့ ​တော်​သေးတယ်မလား။

ကျွန်​​တော်မုန့်ဟင်းခါးစား​​နေတုန်း ​ဘေးနားက စားပွဲမှာ လူတစ်​ယောက်လာထိုင်တယ်။ အစက​တော့ သတိမထားမိပါဘူး။ သူကဖင်ဂနာမငြိမ်ဘဲ ကြွကြွရွရွဖြစ်​နေလို့ ဒီတိုင်းလိုက်ကြည့်မိလိုက်တာ။ ​ စော​သေး​တော့ လူလည်းမရှိဘူး​လေ။ ​ဈေးဝယ်ဆိုလို့ ကျွန်​တော်ရယ် သူရယ်ပဲရှိတာကိုး။ အဲဒါ​ကြောင့်လည်း ကြည့်လိုက်တာပါ။

"စိန်ပလိန်တိန်"

အဲလူဆီက ခပ်ကျယ်ကျယ်ထွက်လာတဲ့အသံ​...။

မုန့်ကြိုးလိမ်...

ကျွန်​တော်လည်း စိတ်ထဲက​နေ ကာရံလိုက်မိတာ​ပေါ့။

"မုန့်လင်မယား"

"ဖူးးးးးးး အဟွတ် အဟွတ်"

ကျွန်​​တော်မုန့်ဖက်သီးသွား​တော့ အဲလူကကျွန်​တော့်ကိုတစ်ချက်ကြည့်ပြီး ထထွက်သွားတယ်။

မုန့်လင်မယားဆိုတဲ့အသံက ​​​ဒေါ်ပုမဆိုင်ရဲ့ကပ်လျက် တိုက်ခန်း​တွေဘက်က ​မြောင်း​ဘောင်​ပေါ်ထိုင်​နေတဲ့လူဆီက​နေထွက်လာတာ။ သူကကျွန်​တော့်ကိုကြည့်​တော့လည်း ရယ်ချင်စိတ်ကိုမနည်းထိန်းထားလိုက်ရတယ်​ပေါ့။ မုန့်ဟင်းခါးသီးတာနဲ့တင် သူလည်းသ​ဘော​ပေါက်​လောက်ပါတယ်​​လေ။ ဒါနဲ့​ရေ​နွေးကြမ်း​လေး​သောက် ဆက်စားတာ​ပေါ့။ ဟိုနှစ်​ယောက်လည်း ​ရေ​နွေးငှဲ့နေတုန်း ဘယ်​ပျောက်သွားတယ်မသိဘူး။ အရိပ်အ​ယောင်​တောင်မ​တွေ့​တော့ဘူးရယ်။

ချစ်ခြင်းသက်​သေ ဉာဏ်ကလိမ် | ချစ်ခြင်းသက်သေ ဉာဏ်ကလိမ်Where stories live. Discover now