Part 40 ( သွေးစွန်းအနမ်း)

2.1K 343 17
                                    

 အပိုင်း ၄၀ ( သွေးစွန်းအနမ်း)

" စုံစမ်းလို့ရတာမျိုးမရှိဘူးလား။"

"......"

ရှောင်ရှင်းက ခေါင်းကိုသာဆက်ငုံ့နေပြီး စကားဆိုမလာချေ။

"အခုထိ...."

"...စိုး....ရွံပါတယ်။ "

* ဘုန်း...*

ချီရှန်းက သူ၏စားပွဲအား လက်ဖြင့်ရိုက်ချလိုက်သည်။ ရှေ့ရှိ ရှောင်ရှင်းကသူ၏ခေါင်းကိုပိုကာငုံ့လိုက်ရင်း ငြိမ်နေ၏။

" တကယ်ပဲ ဘယ်လိုနေရာမှာပုန်းနေတာလဲ။ "

" ကိုယ်လုပ်တော်လု ပြောသလိုသူက ထူးခြားတဲ့သူတစ်ယောက်ဆိုရင် ကျွန်တော်တို့ ဒီလိုစုံစမ်းနေတာက အလဟသပ်အချိန်ကုန်ခံနေသလိုဖြစ်နေတယ်လို့ ကျွန်တော်ထင်မိပါတယ်။ သူကိုယ်တိုင်ပေါ်ထွက်လာဖို့ တစ်ခုခုနဲ့မြှားမှဖြစ်လိမ့်မယ်။"

ချီရှန်းက ရှောင်ရှင်းကိုကြည့်လိုက်သည်။

" တစ်ခုခုနဲ့....."

ထို့နောက် သူ့စားပွဲပေါ်ထောင့်နားတွင် ကျိုးနေသည့်ဆံထိုးထည့်ထားသော သေတ္တာအားလှမ်းကြည့်လိုက်ရင်း

" ဒါပေမဲ့....သူလိုချင်တယ်ဆိုတဲ့ဆံထိုးက......ကျိုးသွားပြီ။"

ချီရှန်းက သူ၏တထောင်ဆစ်အား စားပွဲပေါ်တွင်ထောက်လျက်ပင်လက်ဖြင့် နားထင်အားဖိနေ၏။ ထို့နောက် လက်ကိုပြန်ချကာ ရှောင်ရှင်းကိုကြည့်လိုက်ရင်း အနည်းငယ် တွန့်ဆုတ်နေမိသည့် အသံအနေအထားဖြင့် ပြောလာသည်။

" လွန်ခဲ့တဲ့နှစ်ရက်က အန်းလု.....

သူငါ့ကို လည်ပင်းညှစ်ဖို့ကြိုးစားခဲ့တယ်။"

" အရှင်......"

ရှောင်ရှင်းက ထိုစကားကြောင့် အထိတ်တလန့်ဖြစ်ကာသွားပြီး ရှေ့သိူ့တိုးကာလာသည်။ ချီရှန်းက အမြန်လက်ကာလိုက်ပြီး

" ငါအဆင်ပြေတယ်။ သူငါ့ကိုမသတ်နိုင်ပါဘူး။

ငါပြောချင်တာက ဒါကအရမ်းထူးဆန်းတယ်ဆိုတာကိုပဲ...အဲ့အချိန်သူ့ရဲ့မျက်ဝန်းက နီနေတယ်။

LOVE, BUT HURT (Season 3)_ The Last Begin_[Completed] Where stories live. Discover now