🤍 အပိုင်း 1 🤍

48.8K 754 2
                                    

Unicode:

Unrequited Love Means ~

🤍 အပိုင်း 1 🤍

"ခခ .... ကိုကိုပြောတာကို သေချာနားထောင်နော် ...... "

"ဟုတ် ကိုကို "

"ကိုကိုလေ ခခ ကို အရမ်းချစ်တယ်သိလား "

"ကိုကို .... ကိုကို တကယ်ပြောနေတာလားဟင် "

"တကယ်ပြောနေတာပေါ့ .... ဘာလို့ ကိုကိုက လိမ်ပြောရမှာလဲ .... ကိုကို့ ဘ၀မှာ ချစ်ဖူးတဲ့ မိန်းမဆိုလို့ ခခ တစ်ယောက်ထဲပဲ ရှိတယ် "

"ခခ လဲ ကိုကို့ကို အရမ်းချစ်တယ် သိလား "

"အဟွန်း ဟုတ်ပါပြီကွာ...... "

ကိုကို့ မျက်နှာမှာ ခခတစ်ခါမှ မမြင်ဖူးတဲ့ အပြုံးတွေက ဝေ့သီနေသည်.....

ပြုံးနေသည့် ကိုကို့ မျက်နှာက ခခအနား
တိုးကပ်လာသောအခါ ခခ မျက်လုံးတွေ အလိုလို မှိတ်ပစ်လိုက်ပြီး ကျရောက်လာ
မည့် အနမ်းတွေကို မျှော်လင့်နေမိသည်....

နှုတ်ခမ်းကိုစူပြီး စောင့်နေပေမယ့် အချိန်တော်တော်ကြာတဲ့အထိ ကိုကို့အနမ်းများက မရောက်ရှိလာပါ....

စိတ်မရှည်တော့လို့ မျက်လုံးဖွင့်ပြီးကြည့်လိုက်သည့်အခါ မြင်လိုက်ရသည်မှာ ကိုကို့ မျက်နှာမဟုတ်ဘဲ သွပ်ပြားမိုးထားသည့် ခေါင်မိုးကြီးသာ ဖြစ်နေသည်.......

ထိုအခါမှ သူမ အိပ်မက်မက်နေတာပါလားဆိုပြီး ကမန်းကတန်း အိပ်ရာမှ ထရသည်.....

နံရံတွင် ချိတ်ထားသည့် နာရီသေးသေးလေးကို လှမ်းကြည့်တော့ ၉နာရီထိုးတော့မည် .... ဘုရားရေ ခခ ဒီအချိန်ထိ အိပ်ပျော်သွားခဲ့တာလား .....

အမေတောင်စျေးက ပြန်ရောက်တော့မည်..... မဖြစ်ဘူး မဖြစ်ဘူး မြန်မြန်မျက်နှာသစ်မှရမည်.....ခခ တို့က ဖြစ်လိုက်လျှင် အမြဲ အရာရာ နဲ့ အကြောင်းကြောင်းပါ .....

ခါးလယ်လောက်ရှိသည့် ဆံပင်ရှည်တွေကို အကုန်စုစည်းပြီး ညှပ်ကလစ်အကြီးကြီးနဲ့ လှန်တင်လိုက်သည်.... ပြီးတော့ ကိုကိုနဲ့ သူမ အိပ်စက်သည့် အိပ်ရာလေးကို ခေါက်ပြီး ခေါင်းအုံးတွေကို စီစီရီရီ ပြန်ထားလိုက်သည်.....

🤍 Unrequited Love Means 🤍Where stories live. Discover now