အပိုင်း ၄

5.9K 569 16
                                    

Unicode

ပိုင်ဝေ့ရှင်း ရှီဖုန်းနဲ့ တွေ့ဆုံပြီးနောက် ဒုတိယမင်းသားအိမ်တော်ရှိရာသို့ ပြန်လာရာ
စိတ်ထဲတွင် သူပြောခဲ့သောစကားများအား ရှီဖုန်း စိတ်ဆိုးသွားမလား။ စိတ်ဆိုးပြီး ရိုက်သတ်နေရင် ဒုက္ခပါပဲ။ အခုလေးတင်ရောက်တဲ့ဟာကို ချက်ချင်းကြီးတော့ ငါလေးမသေချင်သေးဘူးနော်။

(ရိုက်သတ်ခံရမှာသိပ်ကြောက်နေသောချိမ🤣)

"ရှောင်ဖေးရေ... အိမ်တော်မပြန်ခင် တွေ့ခဲ့တဲ့ ရေကန်လေးဆီသွားရအောင်... ငါ နည်းနည်းနေချင်သေးလို့"

"သခင်မ အပြင်လေကအေးစပြုလာပြီမို့ နေမကောင်းဖြစ်မှာစိုးရိမ်မိလို့ပါ...အိမ်ကိုပဲ ပြန်ကြရအောင်နော်"

"ခဏပါပဲ ရှောင်ဖေးရယ် ..ခဏလောက်ပဲ လေညှင်းခံပြီး ပြန်ကြမယ်လေနော်"

"ဟုတ်.. သခင်မ့အမိန့်တော်တိုင်းပါ"

ပိုင်ဝေ့ရှင်း ပြည့်လုလု လမင်းကြီးရဲ့အလင်းရောင်အောက်မှာ တလက်လက်တောက်ပနေတဲ့ကန်ရေပြင်ကိုကြည့်ရင် သူမရဲ့မိဘအရင်းတွေကို သတိရကာ မျက်ရည်ကျမိနေသည်။ ရှောင်ဖေး ရေကန်ကို ငေးကြည့်ရင်း မျက်ရည်ကျနေသောသခင်မက်ို အံ့သြစွာကြည့်နေမိတယ်။ သခင်မက ငိုနေတာတောင် အတော်လှပသည်။
(အေး နင့်သခင်မကိုနင်ပဲအမွှမ်းတင်နေ🙄)

ပိုင်ဝေ့ရှင်း မျက်ရည်သုတ်ရင်း အခုချိန်မှာ ငါ့ဖုန်းလေးထဲက promiseသီချင်းလေးနားထောင်လိုက်ရ ဘယ်လောက်ကောင်းလိုက်မလဲနော်။ အမလေး အကုန်လုံးကို လွမ်းလိုက်တာ ငါ့ဖုန်းလေး ငါ့မားမားနဲ့ပါးပါး ငါ့ရဲ့ကလေးတွေ ငါ့ရဲ့အမျိုးသားတွေ ငါ့ရဲ့blကားလေးတွေ လွမ်းလိုက်တာ ။ ငါလေးကျမှကံဆိုးလိုက်တာနော်။ ကားတိုက်ရတယ်လို့ အမေရေ သမီးအဖြစ်ကို လာကြည့်ပါဦး။ ဗြဲ....... ။
ရှောင်ဖေး မျက်နှာအမျိုးမျိုးပြောင်းရင်း ပိုးစိုးပက်စက် ငိုကြွေးနေသော သခင်မကိုကြည့်ရတာ သခင့်ကြောင့် ရူးများသွားလားလို့ထင်မိသည်။ပိုင်ဝေ့ရှင်း သူမ့အစီအစဥ်ဖြစ်မြောက်လားမဖြစ်ဘူးလားဆိုတာ သိချင်၍ systemကို ခေါ်လိုက်တယ်။
Sys.... hostရေ အကြံအောင်မြင်လို့ ဂုဏ်ယူပါတယ် ဇာတ်လိုက်နဲ့ဇာတ်လိုက်မ မတွေ့ကြတော့ပါဘူး
Point 1000ရပါတယ်

ချစ်သောဗီလိန်လေး 1  (Complete) Where stories live. Discover now