အပိုင်း(၂၈) ချန်ရစ်ခဲ့သူ မင်းအဆင်ပြေရဲ့လား

22.4K 1.9K 268
                                    

အပိုင်း(၂၈)

သို့ ချန်ရစ်ခဲ့သူ မင်းအဆင်ပြေရဲ့လား

"ငါတို့ လမ်းခွဲရအောင် မိုး"

ကြားလိုက်ကသော စကားက မယုံကြည်နိုင်ဖွယ်။ နောက်ဆုံးတော့ ကြယ်လွှဲမိုး သူ(မ)အမြဲစိုးရိမ်နေသောနေ့ကို ရောက်ရှိလာခဲ့ပြီ။

"ကို"

"ကို တောင်းပန်ပါတယ် မိုး...ကို့ မိဘတွေရဲ့ ဆန္ဒကို ကို မလိုက်လျောနိုင်တော့ဘူး...မင်းရဲ့ ဂုဏ်သိက္ခာအတွက် မင်း ကို့ကို ကြိုက်သလိုအပြစ်တင်လို့ရတယ်...မင်းစိတ်ကျေနပ်တဲ့ထိ ကိုယ်တောင်းပန်ပါတယ်...မင်းအချစ်နဲ့ မထိုက်တန်တဲ့ ကိုယ့်ပါးကို မင်းစိတ်ကြိုက် ရိုက်လိုက်ပါ"

"ဟင့်အင်း ကို...မိုး မလုပ်ဘူး"

ကြားလိုက်ရသည်ကြောင့် အံ့သြစွာ ခေါင်းငုံ့ထားရာမှ မိုးမျက်နှာအား ကြည့်လိုက်မိသည်။

"တစ်နေ့ ဒီလိုနေ့ကို ရောက်လာမယ်လို့ မိုး ကြိုသိနေခဲ့တယ်"

ပါးပြင်ထက် စီးကျလာသော မျက်ရည်များအား ကြယ်လွှဲမိုး လက်ဖြင့် ဖယ်ရှားလိုက်ပြီး အတတ်နိုင်ဆုံး ပြုံးကာ ပြောလိုက်သည်။

"ကိုကလေ အရမ်းတစ်ကိုယ်ကောင်းဆန်တာ...ကို မိုးကို တခါမှ မချစ်ခဲ့ဖူးဘူး...ကို ချစ်တဲ့သူကို နာကျင်စေဖို့တောင် မိုးကို အသုံးချခဲ့သေးတယ်"

ခွန်းသုရှင် မိုးအား မျက်နှာချင်း မဆိုင်ရဲစွာ ခေါင်းပြန်ငုံ့လိုက်မိသည်။

"မိုးက ကို့အတွက် တခါမှ ညီမလေးတစ်ယောက်ထက် မပိုခဲ့ဖူးဘူး...ကို မိုးကို ယွန်းလေးကို ဆက်ဆံသလို ဆက်ဆံခဲ့တယ်...တစ်ခါမှ အခွင့်အရေးမယူခဲ့ဖူးဘူး...မိုးကသာ တနေ့နေ့ ကို မိုးကိုချစ်လာလိမ့်မယ်ဆိုပြီး မဖြစ်နိုင်တဲ့ အိပ်မက်မက်ခဲ့တာ"

နှစ်သိမ့်သလို မျက်ဝန်းများအား ကြယ်လွှဲမိုး ရရှိချိန်နာကျင်စွာ ပြုံးလိုက်မိသည်။

"မိုးကို အဲလို မကြည့်ပါနဲ့ ကို...မိုးက တစ်ဖက်သတ်အချစ်နဲ့ သနားဖို့ကောင်းပေမဲ့ ပျော့ညံ့တဲ့သူတစ်ယောက်မဟုတ်ပါဘူး...ကိုယ့်အချစ်ဦးဆီက အချစ်မခံရလို့ သေမတတ်ခံစားနေမဲ့သူတွေထဲ မိုး မပါဘူး...အဆင်ပြေပါတယ်လို့တော့ မပြောတော့ဘူး ကို...မိုး အဆင်မပြေလို့"

စေရာ(Complete)Where stories live. Discover now