SCROLL DOWN FOR ZAWGYI
UNICODE
ချီးယန်အနေနှင့် ရှန့်မင်းအော်အား နည်းအမျိုးမျိုးဖြင့် အနှောင့်အယှက်ပေးခဲ့လိမ့်မည် ။ တစ်နည်းအားဖြင့် အလိုကြီးသော စက်ဆုပ်အထင်အမြင်သေးဖွယ်ကောင်းသောနည်းလမ်းပေါင်းစုံနှင့် အာရုံစူးစိုက်မှုကိုရယူလိုခြင်းသာ ။ သို့သော်ထိုမြင်ကွင်းများသည် လုဖုန်းသူ့ကိုယ်သူပြန်မြင်နေရသလိုပင် ။
ထိုအချိန်တခဏမှာပင် ရှန့်မင်အော်အပေါ်ထားသော လေးနက်သည့်ခံစားချက်များ တွယ်တာမှုများအားလုံးသည် လိုအင်ဆန္ဒတပ်မက်မှုတို့၏ သရုပ်သကန်သာဖြစ်ကြောင်း လုဖုန်းနားလည်ခဲ့ရတော့၏ ။ ရှန့်မင်အော်အား တင်းတင်းကြပ်ကြပ်ဖက်ထားကာ မည်သည့်အခါမျှမလွှတ်ပေးလိုက်ချင်တော့သည်အထိ ရှန့်မင်အော်အား အချိန်အတော်ကြာသူတောင့်တနေခဲ့၏ ။
အချိန်ကာလ ၁၀နှစ်အတွင်း လုဖုန်းအချိန်ယူစဥ်းစားခဲ့၏။ အခြေခံအားဖြင့် ချီးယန်နှင့်သူသည် တူညီသူများသာ ။ ချီးယန်၏လုပ်ဆောင်ချက်များမှာ လုဖုန်းထက်ပိုမိုပြင်းထန်ကာ သာလွန်နေခဲ့သည်မှလွဲ၍ ။
နှစ်ယောက်စလုံးသည် ရှန့်မင်အော်အပေါ်ထားသည့်ခံစားချက်များအကြား ပိတ်မိနေခဲ့ပြီး နှစ်ယောက်စလုံး၏ဖြစ်တည်မှုကို ရှန့်မင်အော်ကလျစ်လျူရှုထားသည်ဆိုသော အမှန်တရားကို လုံးဝလက်မခံလိုခဲ့ကြ ။
လုဖုန်းထောင်ထဲနေစဥ်ကာလအတွင်း အတူနေထိုင်သူများနှင့်ဆက်ဆံရေးမှာ များသောအားဖြင့် သိပ်မရင်းနှီးကြ ။ သို့သော် အချိန်ကာလကြာညောင်းစွာဖြတ်သန်းပြီးသည့်အခါ တစ်ချို့တစ်လေနှင့်တော့ ရင်းနှီးသောဆက်ဆံရေးရှိခဲ့လေ၏ ။
အခန်းနံပါတ်67 တွင်ကား လုဖုန်းနှင့် အရင်းနှီးဆုံးသူ သုံးယောက်ရှိ၏ ။ စန်းကော , မျောက်(အမည်ပြောင်) နှင့်
ရှန်းရှောင်ရှဲ ။
(T/N - ဒီမှာ စန်းကောကနာမည်မဟုတ်ပါဘူး တတိယမြောက်အကိုဆိုတဲ့သဘော ရိုသေသမှုနဲ့ခေါ်တာမျိုးပါ )သူတို့အားလုံး လုဖုန်းနောက်မှထောင်ထဲရောက်လာကြသော်ငြား လုဖုန်းထက်အရင်ပင်ထောင်မှလွတ်သွားကြ၏ ။
YOU ARE READING
Flying Gulls Never Land [ဘာသာပြန်]
RomanceEnglish Title - Flying Gulls Never Land Original Author: Hui Nan Que (回南雀) Eng Translator : Jiraiya Status : 82 chapters ( 73 chapters + 9 extras) Generes: Drama , Mature , Psycological , Angst Chinese novel: Completed Eng trans : Ongoing ✔️Permissi...