Part-27

24K 2.4K 239
                                    

(Zawgyi)🍀🍀🍀🍀🍀

Part-27
(ကိုယ်​..ချစ်​​သော clover..!!..)

နီဝါ​ရောင်​​နေလုံးကြီးသည်​ အ​နောက်​အရပ်​သို့
အကြိမ်​များစွာ ငုတ်​လျှိုးပြီး​နောက်​ သာယာ​သော
မနက်​ခင်းတစ်​ခုသည်​ မ​နေ့ညဦးပိုင်းက ရွာထား
သော မိုးဖွဲဖွဲ​ကြောင့်​ ​ကြွေလွင့်​​ထား​သော စိန်​ပန်း
နီနီများဖြင့်​ ခင်းကျင်းခံထားရသည်​။

ကျောင်းဂိတ်​ဝအနီးတွင်​ရှိ​သော သ​ပြေခြံမှ
သ​​ပြေပန်းခက်​များတွင်​လည်း ကြည်​လင်​​သော
ရေစက်​ငယ်​အချို့က တင်​ကျန်​​နေသည်​။ မိုးနံ့
သင်း​သော ​လေညှင်းအချို့က တိုး​ဝှေ့လိုက်​​သော
အခါ သ​ပြေခက်​​ပေါ်တွင်​ တင်​ကျန်​​နေ​သော
ရေစက်​ငယ်​များက ​မြေ​ပေါ်သို့အလုအရက်​ခုန်​ဆင်း
ကြ​တော့သည်​..။

အဖြူ​ရောင်​​ကျောင်း​ဆောင်​များဖြင့်​ ကျယ်​ဝန်း
သော ​ကျောင်းဝန်းကြီးက ​အေးချမ်းလွန်းသည်​။
အ​မော​ပြေ​စေ​သော သနပ်​ခါး​လေးကို ပါးပြင်
ပေါ်တွင်​ညီညီညာညာ​ရေးချယ်​ထား​သော..
ကျောင်းသား​သေး​သေး​လေးများကလည်း..
ချစ်​စရာ​ကောင်းသည်​..။

အတန်းငယ်​​လေးများအ​ဆောင်​ဘက်​ရှိ...
စာသင်​ခန်းတိုင်းလိုလိုတွင်​ အဖြူအစိမ်း
ဝတ်​​ကျောင်းသား/သူ​လေးများ၏ စာဆိုသံ
ကျယ်​ကျယ်​​လေးများက သံပြိုင်​ထွက်​​ပေါ်
နေသည်​။

"မမ ဝဝ ထထက အကပထမ
ကပါကပါမမရာ ညညလသာသာ
ညအခါငါစာရ မမဝဝ ထထက.."

စာသင်​အခန်းဘက်​မှ သံပြိုင်​ထွက်​လာ​သော
ကဗျာရွတ်​ဆိုမှုအဆုံး အတန်း​ရှေ့မှ ဖြတ်​သွား
သော ဝဝကစ်​ကစ်​နှင့်​ က​လေးမ​လေးက
နှာ​ခေါင်းရှုံ့သည်​။ မ​ကျေမနပ်​ဖြင့်​ တိုးတိုး​လေး 
ရေရွတ်​လိုက်​သည်​က ညဘက်​ဆိုအိပ်​မှာ​ပေါ့ ဘာကိစ္စထကရမှာလဲတဲ့...။

စာသင်​ခန်းငယ်​​လေးထဲက အသံစူးစူး​လေးများ
ဖြင့်​ သံပြိုင်​ရွတ်​ဆိုမှုက​တော့ ဆက်​လက်​ထွက်
ပေါ်​နေဆဲပင်​..။ ဆယ်​တန်းဇီဝ​ဗေဒအ​ဆောင်​၏
B1 အခန်းတွင်​မူ တစ်​ခန်းလုံးတိတ်​ဆိတ်​​နေသည်​။

Clover your'e my clover[Completed]Where stories live. Discover now