Chapter(209) - ငါ့မှာအာကာသအဆင့်ဆေးလုံးရှိတယ်

4.1K 948 40
                                    

Unicode

အခန်း(၂၀၉) - ငါ့မှာအာကာသအဆင့်ဆေးလုံးရှိတယ်

ကျုံးလီရှန်ကမတ်တပ်ထရပ်ပြီးမြေပြင်ပေါ်မှာပြန့်ကျဲနေသောပြာများကိုကြည့်လိုက်သည်။သူကယန်ထျန်းဟန်ရှိရာသို့သွားလိုက်ပြီးသူ့အားကြည့်လိုက်၏။

"မင်းကရွှမ်ယင်အခြေအနေဖြစ်နေတာလား?ပြီးတော့မင်းကိုယ်ထဲကဆေးလုံးမီးကလည်းယင်မီးဖြစ်နေတယ်?"

ယန်ထျန်းဟန်ကခေါင်းညိမ့်ပြသည်။

"အဲ့ဒါအကိုကြီးပြောတဲ့အတိုင်းပဲ"

"အဲ့ဒါပဲ"

ယန်ထျန်းဟန်ကကျုံးလီရှန်အားရှုပ်ထွေးနေတဲ့အကြည့်နဲ့လှမ်းကြည့်လေသည်။

ကျုံးလီရှန်ကဆက်ပြောသည်။

"ဒီကမ္ဘာပေါ်မှာတကယ်တော့သန့်စင်တဲ့ယန်စွမ်းအင်ဒါမှမဟုတ်သန့်စင်တဲ့ယင်ဆေးလုံးမီး၊ဆေးလုံးမီးဖိုဒါမှမဟုတ်မှော်ဆေးလုံးတွေကရှာရအရမ်းခက်တယ်သူတို့အားလုံးကယန်သို့မဟုတ်ယင်ကိုမှီခိုနေကြတာကြီးပဲအခုလေးတင်မင်းသုံးလိုက်တဲ့ဆေးလုံးမီးဖိုလိုပေါ့"

ယန်ထျန်းဟန်ကမြေပြင်ပေါ်ကအပျက်အစီးများအားကြည့်လိုက်သည်။

"ဒါကယန်မီးဖိုလို့တွေးလို့ရပေမယ့်တကယ်တမ်းသူ့မှာယန်စွမ်းအင်ဂုဏ်သတ္တိကအနည်းငယ်ပဲရှိတယ်"

ကျုံးလီရှန်ကသူ့မျက်လုံးများကိုကျဉ်းမြောင်းလိုက်ရင်းဆက်ပြီးရှင်းပြသည်။

"ဒါပေမဲ့မင်းကကြတော့သန့်စင်တဲ့ယင်စွမ်းအင်ဖွဲ့စည်းပုံရှိနေတယ်...ဆေးလုံးကိုပြုလုပ်တဲ့အချိန်မှာယင်နဲ့ယန်ရဲ့မညီမျှမှုကြောင့်ဆေးလုံးမီးဖိုပေါက်ကွဲဖို့ကအရမ်းကိုလွယ်ကူနေတာ"

မျှော်လင့်ထားတာနဲ့ဆန့်ကျင်စွာယန်ထျန်းဟန်ကအနည်းငယ်နားလည်သည်။သူကဘာမှမတတ်နိုင်ပဲသူ့မျက်နှာသေးသေးလေးကိုတွန့်ချိုးမိလေသည်။

"ဒါပေမဲ့အဂ္ဂီရတ်ပညာရှင်ကျုံးလီ...ကျွန်တော့အကိုကြီးအရင်တုန်းကကျွန်တော့ကိုထွင်းထုပေးခဲ့တဲ့မီးတောက်တိမ်တိုက်မီးဖိုကလည်းသန့်စင်တဲ့ယန်လို့သတ်မှတ်လို့ရတယ်မဟုတ်ဘူးလား?"

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now