
21.2K 1.7K 195
                                    


အပိုင်း(၂၉)

ရွေးချယ်ခွင့်

"Kren ကမ္ဘာ့ဂန္တဝင်ဂီတပညာရေးဖောင်ဒေးရှင်းက ဂန္တဝင်ဂီတကျွမ်းကျင်သူတွေ ထောက်ပံ့ပေးဖို့ အတွက် အလှူငွေလက်ခံပွဲကို ဒီတစ်ခေါက်မြန်မာပြည်မှာ လုပ်လိမ့်မယ်"

စန္ဒယားခုံပေါ် ရွေ့လျားနေသော သူ၏လက်ချောင်းသွယ်သွယ်လေးများ ရပ်တန့်သွားရသည်။ ဂီတသံစဉ်အပေါ် အာရုံစူးစိုက်နေမှုတို့အား သူ၏မန်နေဂျာက အစားထိုးရရှိသွားလေသည်။

"မြန်မာပြည်...ရန်ကုန်မှာ လုပ်မှာလား"

"အင်း Kren...နိုင်ငံအသီးသီးက ဂန္တဝင်ဂီတပညာရှင်တွေကို ဖိတ်ခေါ်ပြီး တဖက်တလမ်း အလှူအဖြစ် ဂီတဖျော်ဖြေပွဲမှာ ပါဝင်ပေးဖို့ ဖိတ်ကြားထားတယ်...ဂျပန်နိုင်ငံကိုယ်စားပြု ဂန္တဝင်ဂီတပညာရှင်အဖြစ် မင်း ဖိတ်ကြားခံထားရတယ်"

အံ့သြမှုကြောင့် Kren ပါးစပ်အနည်းငယ် ပွင့်ဟကာ ကိုယ့်ကိုကိုယ် လက်ညိုးလေးထိုး၍ မေးလိုက်မိသည်။

"ငါက...တကယ်လား"

"အင်း...ဂီတအစည်းအရုံးဘက်က မင်းကို ရွေးချယ်လိုက်တာ...မင်းကိုယ်တိုင်ကလည်း ဂီတနဲ့ ပိုက်ဆံရှာဖွေသူတစ်ယောက်မဟုတ်ဘူးလေ...ဒီဖျော်ဖြေပွဲက မင်းနဲ့ထိုက်တန်တယ်လို့ ဆုံးဖြတ်ချက်ချလိုက်ပုံပဲ...မင်းသွားမှာလား"

"ငါသွားမယ် Zeno...ကမ္ဘာအနှံ့က ဂန္တဝင်ပညာရှင်တွေနဲ့အတူတူ ဖျော်ဖြေခွင့်ရမဲ့ ဖျော်ဖြေပွဲ...ဒီလိုအခွင့်အရေးမျိုး ငါ လက်လွှတ်ခံလို့မဖြစ်ဘူး"

"မင်းသွားမှာက ဟုတ်တယ်...မင်းအကိုက မင်းကို ခွင့်ပြုမှာ မဟုတ်ဘူး"

Zeno ၏ သတိပေးစကားအောက် လွန်းငယ် တွေဝေသွားရသည်။

"ငါ ရအောင်ပြောမယ် Zeno...ငါ သေချာပေါက် ဒီဖျော်ဖြေပွဲကို ရအောင်သွားမယ်"

"အင်း အဲဒါဆို ငါ လိုအပ်တာတွေ အဆင်သင့်ပြင်ဆင်ထားလိုက်မယ်"

"အင်း Zeno"

Zeno ထွက်သွားသည်နှင့် ရှေ့တည့်တည့်ရှိ မှန်ရှိရာသို့ လွန်းငယ်ကြည့်လိုက်သည်။ ငွေရောင်ဆံနွယ်လေးများနှင့် အပြာရောင်မျက်ဝန်းပိုင်ရှင်လေးက သူ့အား ပြန်ကြည့်နေသည်။

စေရာ(Complete)Where stories live. Discover now