Chapter(210) - စကားလုံးတိုင်းကနှလုံးသားကို ထိုးစိုက်သွားတယ်

4K 1K 93
                                    

Unicode

အခန်း(၂၁၀) - စကားလုံးတိုင်းကနှလုံးသားကို ထိုးစိုက်သွားတယ်

"ဒါဆိုမင်းမနှစ်သက်တာကိုတစ်ယောက်ယောက်ကပြောလိုက်တာလား?" လင်ရွှမ်းဇီကထပ်မေးပြန်သည်။

ယန်ထျန်းဟန်ကသူ့အောက်နှုတ်ခမ်းကိုကိုက်ကာဘာမှထပ်မပြောတော့ပေ။

လင်ရွှမ်းဇီကသူ့တုန့်ပြန်မှုကိုမြင်တာနဲ့အဖြေကိုသိလိုက်သည်။

သူကအေးစက်စွာပဲပြောလိုက်၏။

"တစ်ယောက်ယောက်မင်းကိုအနိုင်ကျင့်ရင်ငါ့ကိုပြောပါလို့အမြဲတမ်းမပြောဘူးလား?"

ယန်ထျန်းဟန်ကခေါင်းညိမ့်ပြသည်။

လင်ရွှမ်းဇီရဲ့အသံကတည်ငြိမ်ပြီးအလျင်မလိုသော်လည်းအဲ့ဒါကကြောက်လန့်အောင်ဖိနှိပ်နိုင်သည်။သူကစကားလုံးတိုင်းကိုရှင်းရှင်းလင်းလင်းပြောလိုက်သည်။

"အဆူခံရပြီးရင်မင်းရင်ထဲမှာပဲအဲ့ဒီကိစ္စကိုဆို့နင့်နေတယ်;အနိုင်ကျင့်ခံရပြီးရင်လည်းမင်းမပြောသ၍ငါမသိဘူးထင်နေတယ်..မနေ့ကမင်းကောင်းကင်ောတင်ထွတ်မြို့အပြင်ဘက်ယွီသိုက်တောင်မှာဘယ်သူနဲ့တွေ့ခဲ့လဲ?ပြီးတော့မင်းသူတို့ဘာပြောတာကိုကြားခဲ့တာလဲ?"

ယန်ထျန်းဟန်ကထိတ်လန့်သွားပြီးလင်ရွှမ်းဇီအားမယုံကြည်နိုင်စွာကြည့်လိုက်သည်-အဲ့ဒါကကောင်းကင်နဲ့ကမ္ဘာမြေကသာသိမယ့်ကိစ္စတွေကိုဘယ်လိုလုပ်လင်ရွှမ်းဇီကသူတို့အကြောင်းကိုသိနေရတာလဲ?!

လင်ရဲ့အာနဲ့တစ်ခြားသူတွေကလည်းလင်ရွှမ်းဇီကိုလာရှာပြီးသူတို့ကယန်ထျန်းဟန်ကိုဘယ်လိုအရှက်ခွဲခဲ့ပါတယ်လို့အစပြုလာပြောမှာလည်းမဟုတ်ဘူးလေ။

အဲ့ဒါကလွဲလို့---

လင်ရွှမ်းဇီကသူ့ကိုစောင့်ကြည့်နေတယ်

ယန်ထျန်းဟန်မှာသူ့ရဲ့လုပ်ဆောင်မှုအရာတိုင်းကလင်ရွှမ်းဇီရဲ့ချုပ်ကိုင်မှုအောက်မှာပဲရှိနေတယ်လို့ခံစားလိုက်ရသည်;အဲ့ဒီခံစားချက်ကကောင်းလားဆိုလားတော့သူမသိပေမယ့်အဲ့ဒါကသူ့ကိုအနည်းငယ်စိတ်မသက်မသာခံစားရစေသည်။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now