
21.3K 1.7K 188
                                    

အပိုင်း(၃၀)

ချစ်ခြင်းအပြိုင်

"မာသာ သီချင်းဆိုသွားတဲ့ ကောင်လေးပုံစံက ဘယ်လိုပုံစံလဲ"

"မျက်နှာကို mask တပ်ထားတော့ မာသာလည်း သေချာမမြင်ရဘူးကွဲ့...ချစ်ဖို့ကောင်းမဲ့ပုံပေါ်တယ်...ဆံပင်ငွေရောင်နဲ့ အသားဖွေးဖွေးလေး...ရှပ်အင်္ကျီအဖြူရောင်ပေါ်မှာ ဂျင်းလက်ရှည်လေးထပ်ဝတ်ထားပြီး ဂျင်းဘောင်းဘီအရောင်ဖျော့လေးနဲ့"

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် မာသာ"

"အို ရပါတယ်ကွယ်"

သိချင်တာများ မာသာအား မေးမြန်းပြီးနောက် ခွန်းသုရှင် အပြင်တွင် စောင့်နေသော ကိုဆက်ဆီသို့ ပြန်သွားလိုက်သည်။ ကားနောက်ခန်းတွင် ဝင်ထိုင်ကာ ကားတံခါးအား ဆွဲပိတ်လိုက်၏။

ကားရှေ့ခန်းရှိ ကားမောင်းသူနေရာမှ ကိုဆက် သူ့ဖက်သို့ လှည့်ကြည့်လာသည်။

"Boss"

"ကိုဆက် လွန်းငယ် မြန်မာပြည်ပြန်ရောက်နေပြီ"

"ဗျာ boss...သေချာလို့လား"

"သေချာတယ် ကိုဆက်...လွန်းငယ်ပဲဆိုတာ သေချာတယ်...ငါ့စိတ်ကသိနေတယ်...မမှားနိုင်ဘူး"

"Boss ကျွန်တော် ဘာကူညီပေးရမလဲ"

"ငါ မသိတော့ဘူး ကိုဆက်...ငါ လွန်းငယ်အကြောင်း ဘာမှမသိခဲ့ရဘူး...မတွေ့ချင်လို့ ပုန်းနေသူကို ငါဘယ်လိုလိုက်ရှာရမလဲ...သူ ငါ့ကို အရမ်းမုန်းသွားပြီ...ငါ ငါ ဘာလုပ်ရမလဲ မသိတော့ဘူး"

မျက်နှာအား လက်နှစ်ဖက်ဖြင့်အုပ်ကာ စိတ်ပျက်စွာပြောနေသော bossအား ကိုဆက်ဘယ်လိုနှစ်သိမ့်ပေးရမလဲ စဉ်းစား၍မရ။ ခြောက်လအတွင်း ကြေကွဲဝမ်းနည်းနေသော boss၏ပုံရိပ်များစွာအား အနီးကပ်နေရသော သူ့အနေဖြင့် အကြိမ်များစွာ တွေ့ကြုံခဲ့ရဖူးသည်။ အကယ်၍ သူသာ ထိုအချိန်က မတားဆီးခဲ့လျှင် boss လွန်းငယ်အား ထွက်မသွားရန် ဆွဲထားနိုင်ခဲ့မည်လား။

"သူ့ ဆံပင်ညိုတွေငွေရောင်အဖြစ် ပြောင်းထားတယ်တဲ့...ငါ အဲဒါပဲ သိခဲ့ရတယ် ကိုဆက်"

"ကျွန်တော် တတ်နိုင်သမျှ ကြိုးစားရှာပေးပါ့မယ် boss"

"အင်း"

စေရာ(Complete)Where stories live. Discover now