Part 41 (ရင်ဝသို့ထိတွေ့လာသော ဓားတစ်ချောင်း)

1.8K 331 17
                                    

အပိုင်း ၄၁ ( ရင်ဝသို့ထိတွေ့လာသော ဓားတစ်ချောင်း)

"အ့...."

ချီရှန်းက အန်းလု၏လည်ဂုတ်အား လက်ဝါးစောင်းဖြင့် အမြန်ရိုက်ချလိုက်သည်။ အန်းလုက အသံတစ်ချက်ထွက်လာပြီးနောက် မေ့သွားလေတော့၏။ လဲကျမလိုဖြစ်သွားသော အန်းလုအား အမြန်ဖမ်းလိုက်ပြီးနောက် ပွေ့ချီကာ မလှမ်းမကမ်းတွင်ရှိသော အိပ်ယာပေါ်တွင် အသာချပေးလိုက်သည်။

အန်းလု၏ နှုတ်ခမ်းစွန်းနားတွင် ပေနေသော ချီရှန်း၏သွေးစများကို ချီရှန်းက သူ၏လက်ဖြင့် အသာသုတ်ပေးလိုက်ပြီးနောက် ဖရိုဖရဲဖြစ်နေသော သူ၏ဝတ်ရုံကိုပါ သေချာပြန်ပြင်လိုက်၏။ ချီရှန်းက အန်းလုကိုကြည့်ရင်း မျက်နှာကမကောင်းချေ။ ပြီးမှ အန်းလုကိုအကြည့်လွှဲလိုက်ပြီး သူ၏မူလနေရာတွင် ပြန်ထိုင်ကာ ပြင်ပတွင် ဝင်ခွင့်တောင်းနေသော ကျန်းရှီအားခေါ်လိုက်သည်။

" ဝင်လာခဲ့လိုက်"

" မှန်လှပါ။"

ကျန်းရှီက ရွက်ဖျင်တဲကြီးထဲသို့ ဝင်လာခဲ့လိုက်သည်။ သူ၏အကြည့်က မလှမ်းမကမ်းရှိ ကုတင်ပေါ်တွင် ငြိမ်ကျနေသော အန်းလုဆီသို့အရင်ရောက်၏။ ပြီးနောက် ချီရှန်းအားရောက်လေတော့မှ ချီရှန်းအား ဂါရဝပြုလိုက်သည်။

" အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။"

"ထိုင်ပါ...အမတ်ချီ"

ကျန်းရှီက ချီရှန်း၏ ရှေ့တွင်ထိုင်ချလိုက်ပြီးနောက် သူ၏လက်ထဲတွင်ပါသော ပေလိပ်ကိုကမ်းပေးလိုက်သည်။

" မနက်ဖြန် နောက်ဆုံးပြိုင်ပွဲရဲ့အစီအစဥ်တစ်ချို့ပါ။ "

ချီရှန်းက ကမ်းယူလိုက်ရင်း

" ပြဿနာတစ်စုံတရာမရှိဘူးမလား။"

"မရှိပါဘူး။"

ကျန်းရှီရဲ့မျက်ဝန်းများက အန်းလုဆီသို့သာရောက်နေလေ၏။ ချီရှန်းက သတိထားမိသွားပြီး ကျန်းရှိီပေးသော ပေလိပ်ကိုသာဖြန့်လို​က်ရင်း ထိုပေလိပ်ကိုကြည့်ရင်းသာ ဆိုသည်။

" ဘုရင်တစ်ပါးရဲ့ ရွက်ဖျင်တဲထဲမှာ အမျိုးသမီးတစ်ယောက်ရှိနေတာက ထူးဆန်းလို့လား။"

LOVE, BUT HURT (Season 3)_ The Last Begin_[Completed] Where stories live. Discover now