PART [3.14]🚫

28.9K 742 18
                                    


Zawgyi


လုယုံငိုနေတယ် ။ သူငိုနေတာကတော့ သူ့ရဲ့ဘဲကြီးက သူ့ကိုလပြည့်လို့ မခေါ်တော့ပါဘူး။ သူ့ဖက်ကတော့ တကယ်ချစ်မိသွားတော့ ခံစားရတာပေါ့။.အစတည်းက သူတို့တွဲခဲ့တာ ချစ်လို့မှမဟုတ်တာ။

မေလျန်း " ငါတို့ခရီးထွက်ကြတာပေါ့ အသည်းကွဲရင် အကောင်းဆုံးက ခရီးထွက်တာပဲ"

Sys "လုပ်ပြန်ပြီ "

!ငါ့ကိစ္စပါ!

မေလျန်းတို့ ခရီးထွက်ရန် အစီစဥ်ဆွဲလိုက်သည်။

တစ်ခြားသူတွေက ကိစ္စမရှိဘူး။ မေလျန်းအိမ်က လွှတ်ကာ့မလား။

မေလျန်း ဖီဖီတို့ အဆောက်ကနေအပြန် အိမ်ကိုမသွားသေးပဲ. ဦးရဲ့ company ကိုပဲတန်းလာခဲ့လိုက်သည်။

ဝန်ထမ်းကဒ်လည်းမရှိ ကြိုချိန်းထားတာလဲ မဟုတ်တော့ ဘယ်သူမှ ပေးမဝင်ကြဘူး။
အဲ့ဒါနဲ့ ဦးကို ဖုန်းဆက်လိုက်တော့မှ ဝင်ခွင့်ရသည်။

ဦး ရုံးခန်းထဲမှာ ထိုင်ပြီး ဝန်ထမ်းချောချောလေး လာချပေးသော ကော်ဖီကို မှုတ်သောက်နေလိုက်သည်။ ဦးက အစည်းဝေးခန်းထဲမှာတဲ့လေ။.. နာရီပိုင်းခန့် စောင့်လိုက်ပြီးမှ. ဦး ဝင်လာတော့တယ်။ သူနှင့်အတူ ဂျောင်ရွှယ်မုံ့.လဲဝင်လာရာ မေလျန်းကိုတွေ့တော့ မကြည်သလိုနှင့် မေလျန်းလဲ မသိချင်ယောင်ဆောင်ပြီး..

" ဦး.."

ရှောင်းခွမ်ဟွိုက် စိတ်ကောက်နေသည်။ စာလဲမပြန် ဖုန်းလဲမကိုင်နှင့် ဖီဖီဆီမှာ သွားအိပ်ကာ လူကိုပစ်ထားသည့် မေလျန်းကို စိတ်ကောက်ပြနေသည်။

ရွှယ်မုံ့ကတော့ ဦး လို့ ခေါ်လိုက်လို့ တော်တော်လေးရိပ်စားမိသွားတဲ့ပုံပဲ။.

. တင်ပြစရာရှိတာ တင်ပြပြီး ရွှယ်မုံ့ ထွက်သွားတော့မှ မေလျန်းမျက်နှာချိုသွေးကာ.ဦး နားသို့ ကပ်လာလိုက်သည်။

" ဦး "

မသိချင်ယောင်ဆောင်ပြီး.. အလုပ်.လုပ်ဟန်ဆောင်နေသော.ဦး၏ ပါးလေးအား
ညစ်လိုက်ချလိုက်ကာ

  Vîllïañ's Wïšĥ ~ Arc[2]💜[3]💜[4]💜[5]Where stories live. Discover now