၃၄

21.9K 2.7K 69
                                    

(Unicode)

ညနေပိုင်းက မိုးပြေးလေးဖွဲဖွဲရွာထားသောကြောင့် ခြံထဲတွင် တချို့နေရာများ၌ ရွှံ့ရေများဖြစ်နေ၏ အမှိုက်ထုပ်ကလေးကိုဆွဲကာ ဟိုယမ်းဒီယမ်းဖြင့် ခြံတံခါးဝသို့ ထွက်လာပြီးမှ နာရီကို ကြည့်လိုက်မိသည်.

ခြောက်နာရီခွဲ ..။

မိုးကရွာဦးမည့်သဘောသာရှိသည်မို့ ထီးဝင်ယူရင် ကောင်းမလားစဉ်းစားပြီးခါမှ မယူဖြစ်တော့. အမှိုက်ပုံက လမ်းထိပ်တင်ပဲမို့ အမှိုက်ထုပ် ဟိုယမ်းဒီယမ်းဖြင့်သာ လမ်းထိပ်ထွက်ခဲ့တော့သည်။

မနက်ဖြန် ကျောင်းပိတ်သည်။ သင်တန်းလည်း သွားစရာမလို။ စဝ်စံဦးသာနှင့်လည်း မတွေ့ဖြစ်။ တစ်ခုခုလိုနေသလို ဟာတာတာဖြစ်နေသည်မှာ မုန့်ဖုတ်သင်တန်းမသွားရလို့ဟုသာ မှတ်လိုက်မည်လေ။

အမှိုက်ပုံတွင် အမှိုက်ချပြီးကာမှ မိုးက အညှိုးနှင့် ထပ်ရွာချလိုက်ရာ သျှန်ခွန်နှောင်းတို့ ထီးမပါလာ။ အိမ်အကူအမတို့ကိုပစ်မည်ပြောသော အမှိုက်ခြောက်တို့အား လျှာရှည်ကာ ဝင်ဆွဲလာမိသည့် သျှန်ခွန်နှောင်းအပြစ်။

"ဟား စိတ်ညစ်တယ်၊ ပြေးရပြန်ပြီ"

လမ်းထဲတွင်ရှိသော ခွေးများက ခွန်နှောင်းကို ရင်းနှီးနေသောကြောင့်တော့ လိုက်မဆွဲပါ။ သို့သော် ဝရုန်းသုန်းကားလည်း မပြေးရဲ။

အိမ်နားရောက်ခါနီးမှ အပူလုံးနည်းနည်းကျသွားမည့်အချိန် နောက်ထပ်အပူလုံးက ထပ်ဝင်လာပြန်၏။ စဝ်စံဦးသာက မိုးရွာထဲ မတ်တပ်ရပ်၍ ဘာများလုပ်နေပါသနည်း ?

"အစ်ကို ဦးသာ"

မိုးများက ညနေကနှင့်မတူ။ သည်းထန်စွာ ရွာသွန်းနေ၍ ကောင်းကင်တခွင်ကလည်း အုံ့မှိုင်းလျက်။ လမ်းမီးအလင်းရောင်​ဖျော့ဖျော့အောက်တွင် စဝ်စံဦးသာ၏ ခန္ဓာကိုယ်ကပါ တုန်ရီနေပုံရပါသည်။ ခေါ်သံကြား၍လှည့်ကြည့်သောပုံစံကိုက တစ်ခုခုကိုတွေဝေနေပြီး စိတ်အစဉ်ကို အစိုးရပုံမပေါ်ပါ။ သဲသဲကွဲကွဲမြင်ရသည်က ရဲတွတ်နေသည့် မျက်ခမ်းစပ်များ။

"ခွန်နှောင်း ကိုယ့်ရဲ့ သက်လည် !"

နားမှလက်ခံနိုင်သော အသံကြိမ်နှုန်းထက် များစွာကျော်လွန်ကာ ယူကြုံးမရဖြစ်လှစွာသောအသံဖြင့်အော်ဟစ်လိုက်သော စဝ်စံဦးသာ၏ အသံက စော်ဘွားငယ်၏ အချစ်တော်ကလေးဘဝနောက်ဆုံးအချိန်ကို ပြန်လည်မြင်ယောင်စေပါသည်။ ရင်ဘတ်ထဲတွင် ဒိန်းကနဲ။ အိုးထိန်းစက်က ရုတ်တရက် ရပ်တန့်သွားသည့်နှယ်။ ကမ္ဘာကြီးသည် လည်နေရာမှ ရပ်သွားသကဲ့သို့။

နှောင်းဦးသက်လည်တည်စေအံ့Where stories live. Discover now