💜 S3 EP - 40 💜 END

83.9K 6.9K 998
                                    

Unicode...
>>>>>>>>>

.
.

နောက်တစ်နေ့မနက်တွင် Demon သည် ခါတိုင်းနဲ့မတူ အိပ်ရတာတစ်ခုခုလိုအပ်နေမှန်းမသိစိတ်ထဲက သိနေတာမို့ ဘေးဘက်ဆီ ဟိုစမ်း ဒီစမ်းနှင့် နိုးလာခဲ့သည် ။

အေးစက်​နေတဲ့အိပ်ယာထပ်က အထိအတွေ့ကြောင့် Demon လန့်ကာ ကောက်ထိုင်လိုက်တော့သည် ။ မနေ့ညကသောက်ထားတဲ့အရှိန်ကြောင့် ခေါင်းနည်းနည်းနောက်သွားပေမယ့် Demon အဲ့တာ မတွေးအားသေး ။ အခုချိန်မှာသူ့အနားမှာရှိမနေတဲ့ သူ့အချစ်ကလေး​ကြာင့် Demon အသည်းသန်ရှာနေမိသည်။

အချိန်ကိုကြည့်လိုက်တော့ နေ့လည်တောင်ကျော်နေပြီမို့ နှိုင်း အိပ်ရာထသွားချိန်ကကြာနေလောက်ပြီ။

တိတ်ဆိတ်တဲ့အခန်းက အပ်ကျသံပင်မကြားရတာကြောင့် Demon အောက်ထပ်ကိုဆင်းကာကြည့်လိုက်သည် ။ သို့သော် Demon မျှော်လင့်ထားသလို သူ့အချစ်ကလေးက ရှိမနေတာကြောင့် စိတ်အလိုမကျစွာ မျက်မှောင်ကျုံ့၍အပေါ်ထပ်ဆီပြန်တတ်ကာ ဖုန်းသွားပြန်ယူကာ ဖုန်းခေါ်လိုက်သည်။

" တောက် ! ဘယ်မှာလဲ ကွာ "

Demon သည် နှိုင်း ဖုန်းစက်ပိတ်ထားတာကြောင့် ပထမတစ်ခေါက်ပြန်ပေးဆွဲခံရတုန်းကလိုအခြေနေကိုကြောက်ရွံ့စွာ ချက်ချင်း Calvin ဆီဖုန်းဆက်ပြီး ရှာခိုင်းသော်လည်း သူတို့က ဖုန်းစက်ပိတ်ထားတာမို့ ရှာမရဘူးပြောတာကြောင့် Demon ခေါင်းမီးတောက်နေတော့သည် ။

ဒါ့အပြင် မနေ့ညက သူကိုယ်တိုင်မူးမူးနဲ့ နှိုင်း ကို တစ်ခုခုပြောမိလို့များလို့ ပြန်တွေးမိပြီး Demon နှလုံးသားတစ်ခုလုံးစို့နင့်လာသည် ။

* မဟုတ်ပါဘူး ကိုကို က အဲ့လိုလူမျိုးမဟုတ်ဘူး... ငါ့ဆီပြန်လာမှာပါ..ကိုကို့ ကို ငါ့အနားက ဘယ်သူမှ ဆွဲမထုတ်သွားစေရဘူး *

Demon ဟာ သူ့အတွေးတွေကိုပြင်းထန်စွာမောင်းထုတ်နေပေမယ့် သူ့စိတ်ထဲမှာကြောက်လန့်နေတုန်းပဲ ။

" အား !! ကိုကို ! ........ မောင်ကြောက်တယ် အဲ့လိုအခြေနေမျိုးဖြစ်လာပြီး မလုပ်သင့်တဲ့အရာတွေ ကိုကို့အပေါ်လုပ်ပြစ်မိမှာ မောင်ကြောက်လို့... ထွက်မသွားပါနဲ့.... ကျေးဇူးပြုပြီး "

ကိုကိုရဲ့ကလေးငယ် S3 [ Completed ]Where stories live. Discover now