ပြဿနာဆိုတာ

3.6K 348 16
                                    

#Uni

ကြည့် ပြောနေတာများ...တကယ် ကလေးသာသာရယ် အဲ့လိုလုပ်တော့ ဒီလူကအသဲယားလာရော တကယ်အသဲယားလာတာကြောင့် ဖက်လိုက်တော့

"ဗြဲ...လာမဖက်နဲ့ အော်တုန်းကအော်ပြီး ခုမှ သိတယ်..လင်လိုချင်လို့မလား...ခုနကပဲများနေပြီးတော့ ရှက်ရမ်းကရမ်းလိုက်သေး ''

ကြည့် သူများကိုတကယ်gayဇာတ်သွင်းနေတာ..ဘယ်တတ်နိုင်မလဲ သားဆိုတော့လဲသားပေါ့

"အင်း...ဟုတ်ပါရဲ့....တို့ကလေးကြီးကိုငိုအောင်လုပ်တယ်..မကောင်းဘူးနော်..အဲ့ကောင် ''

ပြောလေ ဆိုးလေ...ချော့လေ ငိုလေပါပဲဗျာ
ဒါ​ပေမဲ့ပျော်ရပါတယ်..ကိုယ်ချစ်ရသူကျေနပ်ရင်ပျော်နေတာမျိုးလား..အနည်းဆုံးတော့ သူ့သားတွေလို သူ့ကိုဖက်နိုင် ထိနိုင်သလို သူ့ရဲ့အချိန်တွေက ကျွန်တော်အတွက်ပဲ

လင်ပေးစါးမယ်ဆိုတဲ့ ခင်ဗျားလေးက တချိန်ကျ ကျွန်တော်ကို လင်တော်ရမှာပါ.. ကျွန်တော်က ခင်ဗျား ကျွန်တော်ကိုလုပ်သလို ပြန်ပြီးလုပ်မှာ ခင်ဗျားကgayဇာတ်သွင်းပေမဲ့...ကျုပ်ကတော့ ကျုပ်ရဲ့ချစ်သူဖြစ်အောင်လုပ်ပစ်မယ်ဗျာ...မှန်လိုကလဲ့စား ဆိုပြီးခေါင်းစဥ်တပ်သင့်လား

ငိုလို့ဝတော့ ဗိုက်ဆာတယ်ဆိုပြီး...မုန့်ဝယ်ကျွေးခိုင်းပါ​လေရော...အဲ့ဒါနဲ့အတန်းပြန်ပြီး လွယ်အိတ်ယူရတာပေါ့...အဲ့မှာ ပြသနာစတာပဲ

"ဟေ့ရောင်..ခန့်ကြီး အတန်းလစ်မလို့လား''

"အေး..ဘာလို့လဲ ''

"ဟင်...မင်းဘယ်တုန်းကအတန်းလစ်လို့လဲ ''

"ခုလစ်ပြီကွာ.. ''

"နေအုံး..ဟိုမှာမင်းမမ အတန်းရှေ့စောင့်နေတယ်ဆိုတော့....ငါ့ကောင်ကြီး ပိုင်လှချည်လား ''

"ဘာလာပြောနေတာလဲ ''

"မင်း အဲ့အမကိုခေါ်သွားတာလေ..ဘာလဲ အဲ့အမကသူ့ရည်းစားနဲ့ပျက်ပြီး မင်းနဲ့တွဲတော့မယ်တဲ့လား ''

"လိလို လျှောက်ပြောမနေနဲ့ ဟိုအကောင်က အဲ့အမရည်းစားမဟုတ်ဘူး ''

(ငါ့ကိုကြိုက်နေတာ အရူးရဲ့) ပြောချင်ပေမဲ့ မပြော​တော့ပါဘူး...

fujoမရဲ့ရည်းစား...သူကUke မဟုတ်ပါဘူး💖(Completed) Where stories live. Discover now