18

1.5K 113 0
                                    


"ဘယ်သူ အရင် ထွက်နိူင်လဲ ပြိုင်မလား ?"

"‌အံမယ် ထင်သလောက် မလွယ်ဘူးနော် သဲလေး"

"ပြိုင်မလားသာပြောပါ !အဲ့ခေါင်းလောင်းကိုဘယ်သူအရင်တီးနိူင်မလဲ ဆိုတာ ?"

"ပြီးတာပါပဲ ! ထွက်မလာနိူင်မှ ငိုမနေနဲ့ "

Baekhyunက စိတ်အားတက်ကြွစွာပြောနေတာ
မို့သာ လက်ခံလိုက်ရပေမယ့် Chanyeol ကစိတ်
မချချင် ...

အခုက ၀င်္ကပါထဲ၀င်ရန်အတွက် ဖြစ်ကာ Baekhyun က ၀င်္ကပါထဲကနေ ထွက်ပေါက်က
ခေါင်းလောင်းကိုဘယ်သူအရင်တီးနိူင်မလဲ ပြိုင်
ချင်နေသည်။

Chanyeol က ‌မိုးပျံပူဖောင်း အပြာရောင်ကိုယူ
၍ Baekhyun ကမိုးပျံပူဖောင်း ပန်းရောင်ကိုယူ
လိုက်သည်။

ကုတ်အင်္ကျီ အညိုနုရောင်ပွပွအောက်မှာ အဖြူ
ရောင် Hoodies ကိုခံ၀တ်ထားတဲ့ Baekhyunက နွေးနွေးထွေးထွေးလေးဖြစ်နေ
သည်။ Hoodies မှာပါတဲ့ ခေါင်းစွပ်ကို သေချာ
ဆောင်းပေးလိုက်ရသေးသည်။

"ငါအရင်သွားပြီ !"

တတ်ကြွစွာဖြင့် Baekhyun ကလှစ်ခနဲ ပျောက်
သွားသည်။

"ဂရုစိုက် !"

Chanyeol လှမ်းအော်သော်လည်း Baekhyun
ကတော့ အပင်တွေကြားထဲ ပျောက်သွားသည်။

ထင်သလောက်မလွယ်ဘူးလို့ Chanyeol ပြော
ခဲ့သလိုမျိုး တကယ်လဲ ထင်သလောကိမလွယ်
လှပါ...

Chanyeol တောင် နာရီ၀က်လောက် ယောင်‌ဝါး
ယောင်ဝါးဖြစ်နေပြီး ခေါင်းလောင်းသံလဲ နားစွင့်
ရသေးသည်။

"ဟာ!!!"

အမှတ်မထင် ထွက်ပေါက်ကိုတွေ့လိုက်တာမို့
Chanyeol ထခုန်မတတ်၀မ်းသာသွားသည်။သို့
ပေမယ့် ခေါင်းလောင်းသံ ကမကြားရ‌သေး...

Baekhyun ထွက်ပေါက်ရှာမရဘူးထင်တယ်...

Chanyeol ခေါင်းလောင်းသွား မတီးသေးဘဲမိနစ်အတော်ကြာအောင် ထိုင်စောင့်လိုက် ရပ်
စောင့်လိုက်....

တော်တော်လေးကြာတော့ Chanyeol ခေါင်း
လောင်းသွားတီးလိုက်သည်။ Baekhyun ကြား
အောင် ခပ်ကြာကြာ လေးတီးနေပေမယ့် လမ်း
ပျောက်ပြီး ထိုင်ငိုနေတဲ့ Baekhyun ကသူ့ငိုသံ
နဲ့သူ ဘာမှ မကြား....

Byun Bird (Complete) Where stories live. Discover now