၃၅

21.5K 2.6K 57
                                    

(Unicode)

သူရိန်နေမင်း၏ အရှိန်အဝါတောက်တောက်ပပတို့က အိပ်ခန်းလိုက်ကာကို ထိုးဖောက်ဝင်ရောက်ပြီး ရှေ့တူရှုတွင် အိပ်မောကျနေသော အသည်းညှာ၏ မျက်တောင်ဖျားများကို ကလူကျီစယ်လျက်။

စိတ်လုံခြုံမှုအပြည့်အဝဖြင့် အိပ်နေသော ချစ်ရသူကို အသားမယူရက်၊ လက်ဖျားကလေးနှင့်ပင် မတို့ထိရက်လင့်ကစား သူ၏ လက်သန်းမှာ သက်လည်ကလေး၏ လက်သွယ်သွယ်ကြား နစ်မြုပ်နေပြန်ပါသည်။

ဆံနွယ်ပျော့ပျော့တို့က ပွယောင်းလျက်။ ပါးနီနီကလေးတို့က ဖောင်းအိလျက်။

"ဤသို့သောကလေးငယ်ကို အဘယ်ကြောင့် မေ့ပစ်ခဲ့ရသလဲ စဝ်စံဦးသာရဲ့" ဟုသာ ရင်ဘတ်ကိုထုလျက် ကိုယ့်ကိုယ်ကို ပြန်မေးချင်စမ်းပါဘိ။

မျက်တောင်ဖျားများက လိပ်ပြာတောင်ပံခတ်သကဲ့သို့ တဖျတ်ဖျတ်ဖွင့်ဟလာသောအခါ အရာအားလုံးက ငြိမ်းချမ်းရာအတိ။

"အစောကြီးနိုးနေတာလား လူကြီး"

"အင်း နိုးနေပြီ၊ ခွန်နှောင်းကို ထိုင်ကြည့်နေတာ"

ရှက်သွေးကလေးများက နားရွက်အရိုးနုကလေးနား စုန်ကနဲ ချီတက်ပါသည်။ ရဲတွတ်တွတ်နားရွက်ကလေးက အယူခံဝင်တော့ ဆံပင်ပျော့အိအိကလေးများကို ပွတ်သပ်ပေးခြင်းဖြင့် နှလုံးသားတရားစီရင်ရပါ၏။

"ဒါနဲ့နေပါဦး၊ မိုင်းပွန်မှာ ကိုယ်က အသက်အရမ်းကွာလို့ လူကြီးခေါ်တာ ထားပါတော့၊ အခုဘာလူကြီးလဲ၊ မကြိုက်ပါဘူး"

"အဲ့ဒါဆို အကိုလို့ ခေါ်ရမလား၊ ဦးသာလို့ ခေါ်ရမလား၊ ကိုတည်တံ့စိတ်တိုလို့ ခေါ်ရမလား"

သွားဖွေးဖွေးကလေးများပေါ်အောင်ရယ်ကာ လက်သန်းကို ဆုပ်ကိုင်ထားသော လက်ကို ဖြေ၍ ဦးသာ၏ ပါးပြင်ကို ခွန်နှောင်းက တမြတ်တနိုးထိတွေ့ပြန်ပါသည်။ အိပ်မက်လား အမှန်လား ခွဲခြားနေသည့်ဟန်။

"လူကြီး .. ဒီနာမ်စားလေးကို ပြန်ခေါ်နိုင်ဖို့ ဘယ်လောက်တောင်မျှော်လင့်ခဲ့ရလဲ သိရဲ့လား"

"သိပါ့"

"လူကြီးကို ဘယ်ကစလို့ ဘယ်လိုချစ်မိမှန်းတောင် မမေ့တဲ့ ကျွန်တော့်ကို လူကြီးကမမှတ်မိတုန်းကလေ ဘယ်လောက်တောင် စိတ်မကောင်းဖြစ်ရလဲရော သိလား"

နှောင်းဦးသက်လည်တည်စေအံ့Where stories live. Discover now