Episode-1(Z+U)

68K 3K 71
                                    


Unicode
..........

ပေစုတ်စုတ် နှင့် မှောင်မိုက်နေသောအခန်းကျယ်တစ်ခန်း။
အလင်းရောင်ဆိုတာရှာယူ၍‌တောင်သိပ်မရချင် ။
အခန်းထောင့်မှဖြာထွက်နေသော အလင်းရောင်မှိန်မှိန်လေးနှင့်သာ
တစ်ခန်းလုံးကိုလင်းစေနိုင်သည်။

ထို့နောက် အခန်းကျယ်ထဲက ကောင်လေးတစ်ယောက်။ ခြေထောက်တို့ဟာ သံကြိုးနဲ့ချည်နှောင်ခြင်းခံထားရပေမယ့် တစ်ကိုယ်လုံး ဘာတုတ်နှောင်ခြင်းမှမရှိဘဲ လွတ်လပ်နေသည်။

ကျွီ~~~

တံခါးဖွင့်သံကြားလိုက်တာနဲ့ ထိုကောင်လေးရဲ့ခန္ဓာကိုယ်မှာတုန်တတ်သွားသည်။

"ထွက်ပြေးဖို့ထပ်ကြိုးစားရင် မင်းခြေထောက်တွေကိုရိုက်ချိုးထားမှာနော် ခွန်း .... ကိုယ်မလုပ်ရဲဘူးမထင်နဲ့"

ထိုလူပြောလိုက်တဲ့စကားကြောင့် ကောင်လေးသည် ဒူးနှစ်ဖက်ကိုပိုက်ကာ ခေါင်းကိုငိုက်ငိုက်စိုက်ထားလေသည်။

ပြီးတော့ ထိုလူက ကောင်လေးရှေ့တွင် ထမင်းပန်းကန်ချပေးကာ

"စားလိုက် မင်းအရမ်းအားနည်းနေပြီ"

ပြောလိုက်တာနဲ့တစ်ပြိုင်နက် ကောင်လေးသည် ငိုနေရင်း ထမင်းပန်းကန်ကိုယူကာ စားနေသည်။

"ဒီနေရာကအရမ်းအေးတယ်မဟုတ်လား?"

ထိုလူကမေးလိုက်တော့ ကောင်လေးကချက်ချင်းဆိုသလို ခေါင်းငြိမ့်ပြလာသည်။

"အင်း ခဏတော့ဒုက္ခခံလိုက်ဦး ဘယ်သူ့မှအပြစ်မတင်နဲ့နော် ခွန်း ။ မင်း မလိမ္မာလို့အပြစ်ပေးခံရတာလို့သာမှတ်လိုက် "

ကောင်လေးသည် ဘာမှဆက်မပြောဘဲ ထမင်းသာစားနေသည်။ တစ်ရှုံ့ရှုံ့ အသံထွက်လာတာမို့ ထိုလူက ကောင်လေးနားမှာထိုင်ကာ

"ကိုယ် ငိုတာမကြိုက်ဘူးနော် ခွန်းဆက်အိမ် "

"ဟု... ဟုတ် "

ထိုလူကအော်လိုက်တာမို့ ကောင်လေးလန့်ကာ အထစ်ထစ်အငေါ့ငေါ့နဲ့သာဖြေလိုက်ရသည်။

ထို့နောက် ထိုလူသည် ပြန်ထွက်သွားကာ ကောင်လေးကိုဒီအတိုင်းထားခဲ့လေသည်။

လှောင်အိမ်ငယ်/ေလွာင္အိမ္ငယ္ { Completed }Where stories live. Discover now