4.2

6K 1K 47
                                    

SCROLL DOWN FOR ZAWGYI

UNICODE

"ချီးပဲ!"

ကိုယ်တွင်းမှ ကျိန်ဆဲတိုက်ခံထားရသလားပင် မှတ်ရသည် ။ လုဖုန်း​ ခြေတစ်လှမ်းပင်ရှေ့ဆက်မတိုးနိုင်ခဲ့ ။ နောက်ဆုံးတော့ ကိုယ်တွင်းမှကျိန်စာတိုက်မှုကို လုဖုန်းလက်မြှောက်အရှုံးပေးလိုက်ရတော့သည် ။ နောက်သို့ပြန်လှည့်ရန် ခြေလှမ်းအစချီရပြန်၏ ။

ဟိုတယ်မှာထွက်ခွာလာခဲ့သည့် လမ်းအတိုင်း ဟိုတယ်ဆီပြန်ဝင်လာခဲ့သည် ။ အမှိုက်ပုံးထဲမှ ရှန့်မင်အော်ပစ်ထားခဲ့သော အဝတ်စငယ်ကိုကောက်ယူကာ အိတ်ကပ်ထဲထည့်လျက် သူခိုးတစ်ယောက်၏အမြန်နှုန်းဖြင့်  ပြန်လည်ဆုတ်ခွာခဲ့ရသည့်ဘဝ ။

ရှန့်မင်အော်၏ လူမြင်မခံလိုသောလျို့ဝှက်ချက် စိတ်ရင်းအမှန်ကိုသိခဲ့ရခြင်းသည် အမှန်တကယ်ဆိုလျှင် မတော်တဆတစ်ခုသာ ။

အရင်အချိန်များက ရှန့်မင်အော်၏ထူးခြားကောင်းမွန်သောအရေပြားအောက်တွင် မကောင်းဆိုးဝါးတစ်ကောင် ပုန်းခိုနေခဲ့မှန်းမသိခဲ့ရိုးအမှန် ။ လုဖုန်းအနေနှင့် ရှန့်မင်အော်မှာ အနည်းငယ်ထူးဆန်းသည်ဟုပင်ထင်မိခဲ့သည် ။

လုဖုန်း အထက်တန်းကျောင်းဝင်ခွင့်စာမေးပွဲများနှင့် ရင်ဆိုင်ခဲ့ရချိန်က စိတ်ဖိစီးမှုအလွန်ပင်များခဲ့ရသည် ။ လုဖုန်းအမေသည်လည်း လုဖုန်းအား 'ဘာလုပ်ရမည် ဘာမလုပ်ရ' ကအစ တင်းကျပ်စွာထိန်းချုပ်ထားခဲ့သည် ။ ရှင်းရှင်းပြောရလျှင် စားချိန်အိပ်ချိန်မှလွဲ၍ နားချိန်ပင်မရှိခဲ့။

စိတ်ဖီစီးမှုနှင့် ဖိအားများအကြား လုဖုန်းအိမ်မှခိုးထွက်လာချင်ခဲ့မိသည် ။ သို့သော် သွားစရာတစ်နေရာမှ မရှိသောအခါ နောက်ဆုံးသွားဖို့ရန် ဆုံးဖြတ်လိုက်သည်ကား ရှန့်မင်အော်ဆီသို့ပင် ။
ကျောင်းရောက်သောအခါ သိလိုက်ရသည်ကား ရှန့်မင်အော်မှာကျောင်းအဆောင်တွင်မနေတော့ပဲ ကျောင်းဝန်းအပြင်ဘက် ကိုယ်ပိုင်နေရာတစ်ခုတွင်နေနေသည်ဟူ၍။

ရှန့်မင်အော် နေ့လည်ဘက်တွင် စာသင်ချိန်ရှိသေးသည်ဆိုသည်ကို သူ့သူငယ်ချင်းထံမှသိခဲ့ရ၏ ။ ထို့ကြောင့် လုဖုန်း သူ့ကိုရှာရန် စာသင်ခန်းများဆီသို့သာ ဦးတည်ခဲ့တော့သည် ။

Flying Gulls Never Land [ဘာသာပြန်]Where stories live. Discover now