နိဒါန်း

40.9K 1.5K 60
                                    

Unicode

ထန်းရှီခေတ်နှစ်ဆယ့်သုံးနှစ်မြောက်တွင် ဖြစ်သည်။ လမ်းများအနှံ့ကြားနေရသော ကောလဟာလမှာ မသိသူမရှိ အမည်ကျော်ကြားသော ကောရှီး[ပရောဟိတ်ကြီး]သည် အကြီးအကျယ်ကပ်ဘေးဆိုက်နေပြီး မတတ်သာပဲ သီးသန့်ကျင့်ကြံအားထုတ်နေရသည်ဆို၍သာ။ သို့သော်လည်း တိုင်းသူပြည်သားများကတော့ တိတ်တဆိတ် လက်ခုပ်လက်ဝါးတီးကာ ပျော်ရွှင်ဝမ်းမြောက်နေကြသည်။ ထိုနှစ်တနှစ်တည်း ဆောင်းရာသီတွင် နင်ရမ်းတိုင်းပြည်ဟွေကျိုးစီရင်စု၌ ငယ်ရွယ်သော ဘုန်းတော်ကြီးတစ်ပါး ရောက်ရှိလာသည်။

ဘုန်းတော်ကြီး၏ဘွဲ့အမည်မှာ ရွှမ်းမင်ဖြစ်ပြီး မှတ်ဥာဏ်များပျောက်ဆုံးနေသော်ငြားလည်း ဘူမိကြင်အင်ဖုန်းရွှေအတတ်ပညာကို ကျွမ်းကျင်ပိုင်နိုင်သည်။ နင်ရမ်းတိုင်းပြည်ကို ရောက်လာသော ပထမဆုံးနေ့မှာတင် တစ္ဆေနေထိုင်သောစံအိမ်ကို အားနာခြင်းအလျင်းမရှိပဲ ဝင်ခဲ့သလို  ထိုနေရာတွင် ပုန်းအောင်းနေသော ရွှဲရှန်ကိုလည်း သူနှင့်တစ်ပါတည်း ခေါ်ယူလာခဲ့သည်။

ကုန်လွန်လာခဲ့သော သက်တမ်းတစ်ဝက်တွင် မိုးနှင့်မြေကိုကိုင်လှုပ်ကာ စွမ်းအားကြီးမားခဲ့သူရွှဲရှန်သည် ထိုအချိန်မှစကာ နောက်ထပ်ရည်ရွယ်ချက်အသစ်တစ်ခု ရရှိသွားခဲ့သည်။ အပြင်ပန်းကသာကြည့်ကောင်းသော ကတုံး၏အသက်အားယူငင်ရန်နှင့် ပြီးလျှင်အုတ်ဂူရှေ့ပြုံးနေရန်သာဖြစ်သည်။

ရွှဲရှန် : မင်းဝမ်းနည်းနေရင်ငါပျော်နေမယ် မင်းသေသွားရင်တော့ငါရယ်လို့ဆုံးမှာမဟုတ်ဘူး

ရွှမ်းမင် ; "..."

တသီးတသန့်နေရတာ သဘောကျ၍ တည်ငြိမ်သူဘုန်းတော်ကြီးရွှမ်းမင် (ဘုန်းတော်ကြီးအစစ်မဟုတ်)နှင့်
အများနှင့်မတူ တမူထူးခြားသော ဒေါသအိုးရွှဲရှန်

ရွှမ်းမင် (Gong) × ရွှဲရှန် (shou)

Key characters

•ရွှဲရှန် 薛闲

•ရွှဲရှန် 薛闲

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
Copper Coins《铜钱龛世》Where stories live. Discover now