အခန်း ၁(စက္ကူလူသား ၁)

17.9K 1.3K 14
                                    

Unicode

Arc 1 : ရှာဖွေခြင်း

ထန်းရှီခေတ်နှစ်ဆယ့်သုံးနှစ်မြောက် နွေကာလတွင် ဟွားမန်နိုင်ငံတော် ကွမ်းတုန်စီရင်စုအတွင်း နဂါးတစ်ကောင်ဝင်ရောက်လာခဲ့တယ်..ဆယ်ကျန့်မျှရှည်လျားပြီး ပိုက်ကွန်အတွင်းရစ်ထွေးနေတယ်..အသားများလှီးဖြတ်ခံထားရပြီး အရိုးများကပျောက်ဆုံးနေတယ်.. လူအများသွားကြည့်ချိန်မှာတော့ တိုက်ဆိုင်စွာပင်ရွာကျလာတဲ့ သည်းထန်လှသည့်မိုးနှင့်အတူ ဤနဂါးလ ည်းပင်လယ်အတွင်း ဝင်ရောက်ပျောက်ကွယ်သွားပြီး ဘယ်သောအခါမှ ပြန်ပေါ်မလာတော့။

ယမန်နှစ်တစ်နှစ်တည်း ဆောင်းကာလ နင်ရမ်းနိုင်ငံတော် ဟွေကျိုးစီရင်စုနယ်မြေအတွင်း။

ညစောင့်ထံမှ သုံးချက်တီးပြီဖြစ်ကြောင်း အချက်ပြသံ ထွက်ပေါ်လာသည်။ မနက်အာရုဏ်ပင် မတတ်သေးသော်လည်း အသံများသည် ရှင်းထန်လမ်းတစ်လျှောက်တော့ ကြားနေရပြီဖြစ်၏။ ရသာကိုးပါးစားတော်ဆက်မှ စားပွဲထိုးသည် ပူပူနွေးနွေးပေါက်စီလုံးများကို မနက်စာစားကြသူများအတွက် အစီစဥ်တကျနေရာချလျက်ရှိသည်။

ညစောင့်သည် တခိုက်ခိုက်တုန်လျက် စားသောက်ဆိုင်ဆီသို့ လျှောက်လှမ်းလာ၏။ မှိတ်ချင်နေသောမျက်လုံးများကို ဆွဲပွတ်ရင်း ပေါက်စီသုံးလုံး ဝယ်ယူလိုက်သည်။ တစ်လုံးကိုနှစ်ခါသာခွဲကာ မြိုချလိုက်ပြီး မကြည်မသာသောမျက်နှာနှင့် စားပွဲထိုးအား

"ဒီမှာ..အဲ့ဒါကောအဆင်သင့်ဖြစ်ပြီလား?"

"ရပြီ..ဒီမှာ"

ဘေးနားရှိ ထမင်းဘူးအား ပုတ်ပြသော စားပွဲထိုးမျက်နှာသည် အတော်ပင် ပူပင်သောကရောက်နေသည်မှာ အထင်းသား။

"မင်းတကယ်ပြင်ပြီးပြီပဲ..ဒီနေ့ သူ.....အဲ့ဒီဟာမလာရင်ဘယ်လိုလုပ်မလဲ?

"မလာပါစေနဲ့လို့ ငါ့ဘိုးဘေးတွေကိုပါတိုင်တယ်ပြီးဆုတောင်းနေရတာ"

ရသာကိုးပါးစားတော်ဆက်သည် နင်ရမ်းတိုင်းပြည်တွင်တော့ နာမည်ကြီးလှသည်။ စားဖိုမှူး၏ နာမည်ပြောင်မှာ လျိုစမ်းရမ်ဖြစ်ပြီး တစ်ကမ္ဘာလုံးဟင်းသုံးမျိုးဖြင့်တောင် လှည့်ပတ်သွားလာနိုင်သူဟု နာမည်ကြီးသည်။ မက်မွန်ဝက်သားကြော်၊ ကြက်မြေအိုးကင်နှင့် သစ်တော်သီးအရသာတောကြောင်သား။ ဝက်သားသည် စကျင်ကျောက်သားနှယ် ကြည်လင်သောဝမ်းဗိုက်သားကို သုံးထား၏။ လီတောင်မှ ဖမ်း၍ရသော တောကြက်သားကို အသုံးပြုထားပြီး အဆီနှင့်အသားမျှတ၏။ တောကြောင်မှာလည်း နှင်းတောထဲမှ ဖမ်းယူထားခြင်းဖြစ်သည်။

Copper Coins《铜钱龛世》Where stories live. Discover now