အပိုင်း ၆

5.6K 524 21
                                    

Unicode

နောက်တနေ့တွင် ပိုင်ဝေ့ရှင်း အိပ်ရာမှ အတော်နောက်ကျတဲ့အထိ မနိုးလာချေ။ပြတင်းပေါက်မှတဆင့် နေရောင်ခြည်သည် ကုတင်ပေါ်တွင် ကားကားကြီးအိပ်နေသော သူမရဲ့မျက်နှာပေါ်သို့ ဖြာကျလာသည်။အလင်းစူးစူ၏ဝင်ရောက်လာမှုကြောင့် မဖွင့်ချင်သေးသောမျက်လုံးများကို အတင်းဖွင့်ကာ ကြည့်လိုက်သည်။

ဒီကမ္ဘာကိုစရောက်ပြီးနောက် ပထမဆုံးအနေနဲ့ မနေ့ညက လေ့ကျင့်ခန်းပြင်းပြင်းလုပ်လိုက်တာ သူ့အတွက် အတော်ကို ပင်ပန်းစေသည်။ မူလပိုင်ရှင်သည် သိုင်းပညာလေ့လာမှု အတော်နည်းခဲ့တာပဲ။

ငါလေးက တကယ်ကို မဆိုစလောက်လေး
နည်းနည်းလေးလှုပ်ရှားလိုက်ရသေးတယ်..နာလိုက်တာ ကိုင်ရိုက်ထားသလိုပဲ။ ပိုင်ဝေ့ရှင်း ကုတင်ပေါ်မှ အသာဆင်းလိုက်ကာ ရှောင်ဖေးကို ခေါ်ရန်ပြင်လိုက်တယ်။ ဒီအချိန်ထိ ရှောင်ဖေး သူမကိုဘာလို့လာမနှိုးသေးတာလဲ။

အတွင်းခန်းမှ ထွက်လိုက်တဲ့အခါမှာတော့ ပိုင်ဝေ့ရှင်း တယောက် ကြက်သေသေကာ တောင့်တောင့်ကြီး ရပ်နေမိသည်။ ဟုတ်သည်..... ဇာတ်လိုက် မိန့်မိန့်ကြီးထိုင်ကာ သူမကိုကြည့်နေသည်။ အိပ်စက်မှုညင်သာသော သူမရဲ့အကျင့်ကြောင့် ညအိပ်အတွင်းဝတ်မှာ ခန္ဓာကိုယ်ကို မလုံ့တလုံ့ဖြစ်စေသည်။ ပိုင်ဝေ့ရှင်း.....

""အားးးး ရှင် သူများအခန်းထဲ မနက်စောစောစီးစီး ဘာလာလုပ်ပြန်တာလဲ... ယဥ်ကျေးမှုမရှိဘူးလား.. မိန်းကလေးတယောက်ရဲ့အဆောင်အခန်းကို ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်လို့ရမလား."'''ဟု
အရင်ထဲကပိုင်ဆိုင်လာသောမူရင်းအသံဖြင့် လည်ချောင်းကွဲမတတ်အော်ဟစ်လိုက်သည်။
(ရှင်လေးလဲတွေ့တိုင်းသာအော်နေလိုက်🙄)

ရှီဖုန်း မနေ့ညက သူ့အား နှင်ထုတ်လိုက်သည့် သူမကို သိပ်မကျေနပ်သဖြင့် ဒီမနက်ခင်း အိပ်ရာမှ ထချင်း သူမ့အဆောင်ဘက်သို့ သွားလိုက်သည်။အခန်းအပြင်တွင် အခြားအစေခံများသာတွေ့ရပြီး
သူရဲ့အပါးတော်မြဲလေးကိုမတွေ့ရ၍ အခန်းတွင်းသို့ တံခါးအား အသာအယာတွန်းဖွင့် ဝင်လိုက်တယ်။
ပန်းရောင် လွင့်လွင့် လိုက်ကာလေး ချသေးတာတွေ့ရပြီး လှုပ်ရှားမှုလဲမတွေ့ရပဲ
အပြင်မှာစောင့်နေတဲ့သူမရဲ့အစေခံမလေးရဲ့ ပုံစံကြောင့် သူမ အခုထိ မနိုးသေးကြောင်းသိလိုက်ရတယ်။
သူရောက်တာကို အကြောင်းမကြားစေပဲ အတွင်းခန်းသို့ ဝင်ရန်ပြင်လိုက်ရာ တားဆီးချင်ပုံပေါ်နေတဲ့ အစေခံလေးကြောင့် အခန်းအလယ်ရှိ စားပွဲတွင်သာလက်ဖက်ရည်ကြမ်းသောက်ရင်း စောင့်နေလိုက်တယ်။ ခဏအကြာတွင် အပျင်းကြောဆန့်သံ ငြီး​ငြူသံတချို့နဲ့ ထလာသော သူမအားတွေ့လိုက်ရသည်။
ကျန့်ဇီကို အတွင်းခန်းထဲမခေါ်လာမိ၍တော်သေးသည်။ ဘယ်အမျိုးသားအားမြူဆွယ်လိုသည်မသိ.. အတွင်းဝတ်ပါးပါးလေးနဲ့ ကျစ်လစ်တင်းရင်းသောခန္ဓာကိုယ်လေးနဲ့သူမ.. သူ့အားမြင်မှသာ အလန့်တကြားဖြင့် သူမရဲ့သေးငယ်တဲ့ခန္ဓာကိုယ်လေးအား ခန်းစီးစနှင့်ကွယ်ကာ သူအား လက်ညှိုးတထိုးထိုးနှင့် အော်ဟစ်ပြန်လေသည်။
(မကြိုက်လို့ပဲနော် နင်ပဲအမွှန်းတင်နေလိုက်)

ချစ်သောဗီလိန်လေး 1  (Complete) Where stories live. Discover now