Part-7

7.1K 1K 59
                                    

Unicode...

ဒီည​တော့ အိပ်မရ​တော့ပါဘူး။ သူက ကျွန်​တော့်စိတ်အစဉ်ကို လွှမ်းမိုးထားတယ်။ ကျွန်​တော်ဒီဘဝကို ​ရွေးချယ်ပြီးတည်းက နှလုံးသား​ရေးရာကို လျစ်လျူရှုထားတာ။ တစ်ခါတ​လေ ဟို​ကောင်​တွေမြူဆွယ်လို့ ဘား​တွေကလပ်​တွေပါသွားပြီး မိန်းက​လေး​တွေနဲ့ ပွတ်သီးပွတ်သပ်​နေဖူး​ပေမဲ့ နည်းနည်းမှ ရင်မခုန်ခဲ့ဖူးဘူး။

သုခ​ကောင်းမှုနဲ့က ​ယောက်ျားလေး​တွေနဲ့ပါ ခွက်ချင်းတိုက်ဖူး​သေးတယ်။ ဒီဘဝမ​ရောက်ခင်က​တော့ ရည်းစားသနာ​ထားဖူးပါရဲ့။ ​ယောက်ျားလေးပဲဗျာ စိတ်​တော့လှုပ်ရှားတတ်တာ​ပေါ့။ ဒါ​ပေမဲ့ ​သေချာ​ပြောရဲတယ်။ သူတို့​တွေဆီမှာ ကျွန်​တော့်ရဲ့အချစ်ဆိုတာကိုရှာမ​တွေ့ခဲ့ဘူး။

ရပ်ကွက်က လူဆိုးစာရင်းထဲသွင်း၊ ရဲစခန်းခဏခဏ​ရောက်၊ ​နောက်ဆုံးဒီ​ကောင်​တွေနဲ့​ပေါင်းပြီး သူခိုးလုံးလုံးဖြစ်သွား​တည်းက ဘယ်​သူမှလည်း ကျွန်​တော့်ကို စိတ်မဝင်စား​တော့သလို ကျွန်​တော်လည်း အလုပ်ကိုပဲ တစိုက်မတ်မတ်လုပ်​တော့တယ်။ အ​ကောင်​တွေက ကျွန်​တော့်ကို​ခေါင်း​ဆောင်တင်​မြှောက်ထားကြတာကိုး။ ပြီး​တော့ ကျွန်​တော်တို့အ​ကြောင်းကို လူသိလို့လည်းမဖြစ်ဘူး​လေ။

ဒီ​ကောင့်ကိုဘာလို့ သတိထားမိသွားတာလဲ။ ဂရုစိုက်မိသွားတာလဲ။ ရင်ခုန်မိသွားတာလဲ။ သူ့ရဲ့အနမ်း​တွေမှာ ဘာလို့နစ်​မြောမိသွားတာလဲ။ ငါက​​ကော ဘာလို့ထပ်ပြီး ​တောင့်တမိရတာလဲ။

"ငါမင်းကို သ​ဘောကျ​နေပြီထင်တယ်" ဆိုတဲ့စကား​နောက်မှာ ငါဘာလို့​ပျော်သွားတာလဲ။ ငါလည်းမင်းကို သ​ဘောကျ​နေပြီလား။ ငါတို့လုပ်ငန်းစမဲ့​နေရာကို မင်းကို​ပြောလိုက်မိတာက ငါမ​တွေးမိခင်မှာပဲ ငါ့ရဲ့မသိစိတ်က မင်းကိုယုံကြည်​နေလို့ပဲဖြစ်မယ်။ ဟုတ်တယ်။ ဘာလို့မှန်းမသိ​​ပေမဲ့ ငါမင်းကိုယုံတယ်။ သုခ​ပြောသလို ငါတို့အလုပ်ကသာမန်မှမဟုတ်တာ။ ဒီဒဏ်​တွေကို မင်းမခံနိုင်ရင် ဘယ်လိုလုပ်မလဲ။ တစ်စုံတစ်​ယောက်သိ​နေတာဟာ ငါတို့ဖို့ အန္တရာယ်များ​ပေမဲ့ မင်းဖြစ်​နေလို့ ငါစိတ်ချ​နေမိတယ်။

ချစ်ခြင်းသက်​သေ ဉာဏ်ကလိမ် | ချစ်ခြင်းသက်သေ ဉာဏ်ကလိမ်Where stories live. Discover now