Chapter(217) - Chaotic Sky ခေါင်းလောင်းထွက်ပေါ်လာပြီ

4K 901 58
                                    

Unicode

အခန်း(၂၁၇) - Chaotic Sky ခေါင်းလောင်းထွက်ပေါ်လာပြီ

ရှန်ရူပင်းရဲ့အမူအယာကမဲမှောင် သွားပြီးအော်ဟစ်လိုက်သည်။

"ရှင်ကသေချင်နေတာပဲ!"

သူမလက်ထဲမှာရှည်လျားတဲ့ကြာပွတ် တစ်ခုကိုကိုင်ထားလိုက်ပြီဆိုတာကို လူတိုင်းမြင်နိုင်ပြီးရှုပ်ထွေးကာလှပသည့် စည်းတံဆိပ်တစ်ခုဖော်ဆောင်နေသလို မျိုးလေထဲမှာကခုန်နေသည်။ရုတ်တရက် ခမ်းနားထည်ဝါသောဝိဉာဏ်ချီအင်အားစု တစ်ခုထွက်ပေါ်လာပြီးကောင်းကင်မှ ကျလာသည့်တူနှင့်ထိပ်တိုက်တွေ့ဆုံ သွားလေသည်။

ဘုန်း---

ကျယ်လောင်သောပေါက်ကွဲသံတစ်ခု ကလေထဲမှာထွက်ပေါ်လာသည်။လူ အများစုမှာပြင်းထန်သောလှိုင်းလုံး ကြောင့်သွေးများအန်ကြပြီးလင်ရွှမ်းဇီ တစ်ယောက်တည်းသာလျင်မြန်စွာ တုန့်ပြန်၍အချိန်ကိုက်ကာကွယ်ရေး ရတနာကိုထုတ်ယူလိုက်နိုင်ပြီးသူ့ကိုယ် သူနှင့်သူ့နောက်မှာရပ်နေသောလင်ဇီဂျီ ကိုကာကွယ်ပေးထားလိုက်သည်။

ဖုန်များရွှံများကနေရာတိုင်းပျံ့နှံ့နေပြီး ကမ္ဘာကြီးက,ကမောက်ကမဖြစ်မှုကို တိုက်ဖျက်ဖို့ခြိမ်းခြောက်နေသလိုပင်။ ထိတ်လန့်တုန်လှုပ်မှုတွေကုန်ဆုံးသွား တဲ့အချိန်မှာလင်ရွှမ်းဇီနှင့်လင်ဇီဂျီတို့ သာလုံးဝအထိအခိုက်မရှိကျန်နေခဲ့ တာဖြစ်သည်။ကျန်တဲ့သူများကတော့ အတိုင်းအတာတစ်ခုထိဒဏ်ရာရသွား ကြသည်။

"သေစမ်း!"

မိသားစုတစ်ရာမှတပည့်သည်သူ့ ထိုးနှက်မှုကထိခိုက်ခြင်းမရှိပဲဆက်ပြီး တည်ငြိမ်နေသည်ကိုမြင်လိုက်သော အခါအရှိန်အဝါနဲ့တင်ဖိနှိပ်နိုင်သည့် ရွှေရောင်အလင်းတောက်နေသော နောက်ထပ်တူအကြီးတစ်ခုကိုထပ် ထုတ်လိုက်သည်။ထိုတူကတကယ် ကိုအထက်တန်းအဆင့်မှော်ကိရိယာပဲ!

ရှန်ရူပင်းရဲ့အမူအရာကအနည်းငယ် ပြောင်းလဲသွားခဲ့သည်။သူမကခက်ခဲတဲ့ ခန္တာအဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ် သော်လည်းလက်ရှိမှာသူ့ကျင့်ကြံဆင့် ကိုအခြေတည်အဆင့်တတိယအလွှာ ထိဖိနှိပ်ထားတာဖြစ်သည်။သူမစုဆောင်း နိုင်သည့်စွမ်းအားသည်လက်ရှိသုံးခဲ့တာ ကအများဆုံးဖြစ်သည်။အကယ်၍သူမ ထိုအပြစ်သားကောင်အားဖယ်ရှားလိုက် နိုင်ရင်တောင်ကျန်တဲ့ခရီးတစ်လျှောက် လုံးသူမအနေနဲ့တစ်ခြားသူများကိုမှီခိုနေ ရလိမ့်မည်။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now