စာစဉ် ၇ (၁၁-၂၀)
4.7K 542 9
စာစဉ် ၇၊ အခန်း ၁၁။ သူမရဲ့မျက်လုံးတွေက သူမရဲ့အရာရာ(1)
ဒဏ်ရာကို ထိုးပြလာတဲ့ ချင်းကျီအိုက်ကြောင့်
ဘာကို ကျေးဇူးတင်ကြောင်း ပြောမှန်း ဂူယူရှန်း နားလည်သွားတော့သည် ။
တခြားသူဆီက ကျေးဇူးတင်စကား
မကြားဖူးတာတော့ မဟုတ်ပေမဲ့ မိုးရေထဲမှာ သူမကို
လာခေါ်ပေးခဲ့တဲ့ သူ့ကိုတော့ ကျေးဇူးမတင်ပဲ ချင်းကျီအိုက် လုဘန်ချန်းကို ကျေးဇူးတင်ကြောင်း ပြောတုန်းက
ဂူယူရှန်း စိတ်ဆိုးခဲ့သည် ။
သူမက ဂူယူရှန်းကို ဘယ်တုန်းကမှ ကျေးဇူးတင်ကြောင်း မပြောခဲ့ဖူးပဲ ဒါက ပထမဆုံးအကြိမ်ပင် ။
ခပ်တိုးတိုးအသံနဲ့ ပြောတာ ဆိုပေမဲ့ တိတ်ဆိတ်နေတဲ့
အခန်းထဲမှာ ကြားလိုက်ရတဲ့ သူမ အသံနူးနူးညံ့ညံ့က
ဂူယူရှန်းနားနား ကပ်ပြောလိုက်သလိုပေမို့ ဂူယူရှန်း ကြက်သီးပင်ထသည်အထိ နှလုံးခုန်သံက တဒိတ်ဒိတ် ။
ခဏအကြာမှသာ ဂူယူရှန်း နှလုံးခုန်သံတို့ ပုံမှန်
ပြန်ဖြစ်သွားခဲ့ပြီး အဲ့ဒီအချိန်မှ မိန်းမတစ်ယောက်ရဲ့ ကျေးဇူးတင်စကားတစ်ခွန်းက အဲ့သလောက်တောင် ရင်ခုန်စေရသည်လား လို့ ဂူယူရှန်းတွေးလိုက်မိသည် ။
“မင်းကြောင့် ပြဿနာဖြစ်ရတဲ့လူကို နောက်ဆုံးတော့
ကျေးဇူးတင်ရမှန်း သိသွားပြီပေါ့”
ဂူယူရှန်း စကားကြောင့် ချင်းကျီအိုက် ကျေးဇူးတင်နေတဲ့
စိတ်တောင် ပျောက်သွားရပြီး တစ်ဖက်ကို
လှည့်သွားလိုက်တော့သည် ။
ချင်းကျီအိုက်ရဲ့ ချစ်စရာကောင်းတဲ့ အမူအရာလေးကြောင့်
ဂူယူရှန်း ပြုံးလိုက်မိပါ၏ ။
“ဒါဆို မင်းက တခြားသူကို ပြဿနာမဖြစ်စေချင်ဘူးပေါ့ ။
ဒါကို ဘယ်လိုခေါ်ရမလဲ”
ဂူယူရှန်း ခဏလောက်စဉ်းစားလိုက်ပြီးနောက်
စဉ်းစားမိတဲ့ သူမအတွက် နာမည်ကို
ပြောပြလိုက်လေသည် ။
“ပြဿနာအိုးလေး”
ဂူယူရှန်းက တကယ်ကို စကားကောင်းကောင်း ပြောလို့မရတဲ့သူပင် ။
ကျေးဇူးတင်စကားပြောမိတာကို နောင်တရမိပါ၏ ။