1

2.5K 180 2
                                    

ZAWGYI

တကယ်လို့ မင်းတို့ အသက် ၄၀ရောက်လာပြီဆိုရင် အချစ်ဆိုတာမျိုးကို အပျင်းပြေတွေးကြည့်နိုင်ဖို့အချိန်ဆိုတာ မရှိသလောက်ကို ရှားသွားလိမ့်မယ် ။

°••°••••°°••••••°••°•

ချိန်ဖုန်းရွာကလေး၏ နေပြင်းသောနေ့လည်ခင်းတစ်ခုတွင်ဖြစ်သည် ။

"အဲ့ဒါ ငါ့အရုပ်!!"

"လီလီ ...နင် မလုနဲ့ ဒါငါ့ဟာ"

နေအတော်ပြင်းလှသော်လည်း အရိပ်ကောင်းသောသစ်ပင်ကြီးများဖြင့် အုပ်ဆိုင်းလျက်ရှိသော ရွာလမ်းမအလယ်မှာတော့ ကလေးတစ်သိုက်၏အသံတို့ဖြင့် ဆူညံလျက်ရှိသည် ။

"နင်ကသာ လာမလုနဲ့ရှောင်ကျန်း ... ဒီပုံကငါ့ဟာ
နင် ဆက်လုနေရင် ငါ့လေးလေးနဲ့တိုင်ပြောမှာနော်"

ကြက်တောင်စည်းနှစ်ဖက်နှင့်စွာတာတာကောင်မလေးက ပုံချပ်တွေကို လက်မှာကိုင်ထားရင်း ခပ်စွာစွာအော်သည် ။

"ငါ့လေးလေးက မြို့ကနေ လာမှာ!! ငါ့လေးလေးလာရင် နင့်ကို ဆူခိုင်းမယ်"

ဆံပင်ရှည်လေးတွေကို ထုံးထားသည့် ကလေးမလေးကလည်း အနိုင်မခံ ပြန်အော်သည် ။

"ဟေ့ ကလေးတွေ !! ရန်ဖြစ်နေကြပြန်ပြီလား"

ထော်လာဂျီသံတညံညံနှင့်အတူ ခပ်သြသြအသံကို ကြားလိုက်ရတာကြောင့် ကလေးတွေ ငြိမ်ကျသွားသည် ။

"လေးလေး!!"

"၀မ်လီလီ... နင်အခုထိ အိမ်မပြန်ရသေးဘူးလား ထမင်းစားချိန်တောင် ရောက်နေပြီ
လာခဲ့ ခု အိမ်ပြန်မယ်!! ရှောင်ကျန်း... နင်လည်း လာခဲ့"

"မလိုက်ဘူး ဦးလေးဝမ် !! လီလီက စိတ်ပုတ်တယ်"

ခြေဆောင့်ရင်း ထွက်သွားသည့် ရှောင်ကျန်းကို လီလီက လျှာထုတ်ပြလိုက်သည် ။

"ဘူးးးး"

"ဘာကို ဘူးနေတာလဲ လာစမ်း"

"အား!! လေးလေး..."

ခပ်ဖြူ ဖြူ လက်တွေက အားအတော်သန်လှတာမို့ နားရွက်ဆွဲခံလိုက်ရတဲ့ လီလီ့နားလေးတွေမှာ ရဲလို့ ။

ဝါးခမောက်ဆောင်းထားပြီး ထော်လာဂျီမောင်းနေသည့်လူကြီးကတော့ သူ့တူမကို လှည့်တောင်မကြည့်ပါ ။

When We Are 40... (Completed) Where stories live. Discover now