
20.2K 1.6K 180
                                    

အပိုင်း(၃၂)

ခွင့်မလွှတ်နိုင်သော

"မင်း အခုကားရပ်ပေး...ကားရပ်မပေးရင် ငါကားတံခါးဖွင့်ပြီး ခုန်ချမှာ"

ဒေါသမျက်ဝန်းများဖြင့် ကြည့်နေသော လွန်းငယ်ကြောင့် ခွန်းသုရှင် ရင်ထဲဝမ်းနည်းသွားရသည်။

"လွန်းငယ်...သုသုက မင်းကို အရမ်းလွမ်းနေတာ...သုသုကို မတွေ့တော့ဘူးလား"

ချက်ချင်း ငြိမ်ကျသွားသော ချစ်သူက ဆုံးဖြတ်ရခက်ခဲနေပုံရသည်။

"အိမ်မှာ သုသုရှိတယ်...အခုတလော သုသုခဏခဏဖျားတယ်...သုသုနဲ့ တွေ့ပြီးရင် မောင် လွန်းငယ်ကို ပြန်လိုက်ပို့မှာပါ"

တောင်းပန်သောမျက်ဝန်းများဖြင့် လွန်းငယ်အား ကြည့်လိုက်တော့ ချစ်ရသူ​က ဇဝေဇဝါဖြစ်နေပုံရသည်။

"ပေါက်စီလေးနဲ့ တွေ့ပြီးရင် ချက်ချင်းပြန်လိုက်ပို့ရမယ်"

လက်ခံရန်ဆုတောင်းနေစဥ် ဆုတောင်းပြည့်သွားသောကြောင့် ခွန်းသုရှင် ရင်ထဲ အနည်းငယ်ဝမ်းသာသွားရ၏။

"အင်း မောင် ကတိပေးတယ်"

သဘောတူညီမှုရသွားသည်နှင့် ကားထဲတွင် တိတ်ဆိတ်ခြင်းသာ ကြီးစိုးသွားလေတော့သည်။

*******************

"ပါးပါး"

ကားပေါ်မှ ဆင်းလိုက်သည်နှင့် အိမ်ရှေ့တွင် တစ်ယောက်တည်းထိုင်နေသော ပေါက်စီလေးက သူရှိရာ အပြေးလာဖက်သည်။

မတွေ့ရတာကြာသွားသော ခြောက်လအတွင်း ပေါက်စီလေး သိသိသာသာ ပိန်ကျသွားသည်။ အရင်က မနိုင့်တနိုင်ဖြစ်ခဲ့သော ကိုယ်လုံးလေးအား ပေါ့ပါးစွာပင် သူ ပွေ့ချီနိုင်လေပြီ။

"သား ပါးပါးကို အရမ်းသတိရနေခဲ့တာ"

ပေါက်စီလေး၏ လက်သေးသေးများက သူ ထပ်၍ ပျောက်ကွယ်သွားမည်စိုးသည့်အလား လည်ပင်းအား တင်းကျပ်စွာ ဖက်တွယ်ထားကြသည်။ ကလေးငယ် ခေါင်းတိုးဝင်နေသော ရင်ခွင်မှ စိုစွတ်သောအထိအတွေ့ကြောင့် ငိုနေသည်မှန်း လွန်းငယ် သိရှိလိုက်ရသည်။

"ပါးပါးလည်း သားကို သတိရနေခဲ့တာ"

သူ၏ စကားလေးက ကလေးငယ်အား ပို၍ဝမ်းနည်းသွားစေပုံရသည်။ ကလေးငယ်ဆီမှ ရှိုက်သံသဲ့သဲ့လေးများပင် ထွက်လာလေသည်။

စေရာ(Complete)Where stories live. Discover now