Chapter(221) - ကြေးမုံထဲကအသွင်အပြင်

4.7K 1K 77
                                    

Unicode

အခန်း(၂၂၁) - ကြေးမုံထဲကအသွင်အပြင်

"အကယ်၍သူလက်မခံဘူးဆိုရင် ကျုပ်သူ့ကိုပိုကောင်းတဲ့နေရာကိုသွား ခွင့်ပြုမှာပါဒါပေမဲ့သူအပြင် မှာဝမ်းနည်းရတာတွေ၊နာကျင်ခံစားရ တာတွေနဲ့အနိုင်ကျင့်ခံရတာတွေ ဖြစ်လာရင်ကျုပ်ဘယ်လိုမျိုး သူ့ကိုဆက်ဆံပေးခဲ့လဲတွေးကောင်း တွေးလာလိမ့်မယ်သူနောက် နှစ်မှာနည်းနည်းပိုပြီးကြီးပြင်းလာရ င်တော့..........."

လင်ရွှမ်းဇီကစကားဆုံးအောင် မပြောပေ။သူကဆက်ပြီးမတ်တပ် မရပ်နိုင်တော့တဲ့ပုံနဲ့တောင်နံရံဆီ လျှောက်သွားလိုက်ပြီးမှီထားလိုက်ကာ အချိန်တစ်ချို့ယူ၍တည်ငြိမ်အောင် လုပ်ပြီးမှဆက်ပြောလိုက်သည်။

"ကျုပ်တို့ကြားထဲမှာနားလည်မှု လွဲတာတွေအများကြီးရှိနေတယ် ပြီးတော့နေ့ရက်တိုင်းဖြတ်သန်းလာ ရင်းအဲ့ဒါတွေကနက်ရှိုင်းသထက် နက်ရှိုင်းလာတာအဲ့ဒါကြောင့်ကျုပ် သူနဲ့ညီအစ်ကိုတွေလိုဆက်ပြီးသွား လို့မရတော့ဘူးကျုပ်ကိုယ်ကျုပ် လှည့်စားတာတွေဒါမှမဟုတ်သူ့ကို ဘာမှမသိအောင်ထားတာတွေမဖြစ် ချင်တော့ဘူးကျုပ်ကိုနားလည်မှုလွဲ တာတွေလျော့ကျစေချင်တယ်.... ကျုပ်ဘာစဉ်းစားနေလဲဆိုတာသူ သိချင်တာလေအဲ့ဒါကြောင့်လုံးဝ အလုံးစုံနားလည်သွားအောင်လုပ်လိုက်တာ"

ပုံမှန်အားဖြင့်သူနှင့်ယန်ထျန်းဟန် တို့၏ဆက်ဆံရေးသည်မည်သည့် အချိန်တွင်မဆိုပြုတ်ကျနိုင်သည့် အန္တရာယ်ရှိသည့်ကုန်းမြင့်ပေါ်လမ်း လျှောက်နေသည့်အလားယခုအချိန် တွင်တည်ငြိမ်မှုမရှိကြောင်းသူသိနေ သည်။နောက်နှစ်အနည်းငယ်မှာပြော ရင်ပိုပြီးသင့်တော်မယ်ဆိုပေမယ့် သူထပ်ပြီးမထိန်းချုပ်နိုင်တော့ဘူး

ဝိဉာဉ်ပုတီးစေ့လေးကပြောစရာစကား ပျောက်ရှနေမိကာအချိန်တစ်ချို့ကုန် ဆုံးသွားမှသာစကားပြောလာသည်။

[မင်းကိုယ်မင်းပဲပိုင်ပါတယ်လေ]

ယန်ထျန်းဟန်ရဲ့တုန့်ပြန်မှုအရဆိုရင် လင်ရွှမ်းဇီရဲ့အနာဂတ်ကတော့ကြည့် ရတာစိတ်ပူစရာပဲ..အာ့!

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now