5.1

5.6K 1K 10
                                    

SCROLL DOWN FOR ZAWGYI

UNICODE

CH5- A FLAG WAVING THROUGH THE BLOODY HAZE

Warning ပိစိ: သွေးထွက်သံယိုပုံဖော်ချက်တွေပါမှာမို့ မခံစားနိုင်တဲ့သူကျော်ဖတ်ကြဖို့ ပြောချင်ပါတယ် ၊ အရမ်းမဆိုးပေမဲ့ မကြည့်ရဲမဖတ်ရဲတဲ့သူတွေ အတွက်ပါ ၊ အဲ့အပိုင်းရောက်ရင် warning ထပ်ပေးပါမယ် ။

လုဖုန်း ရှန့်မင်အော်ငှားထားသောအခန်းသို့ ရောက်သောအခါ သူ့အား အရင်ဆုံးထိုင်ရန်ပြော၏ ။ အခန်းထဲမှမီးအလင်းရောင်ကား ဆိုးသည့်အထဲပါပေသည် ။ ထို့ကြောင့် ရှန့်မင်အော်တစ်ယောက် ဝရန်တာသို့ထွက်ပြီးမှသာ အမေဖြစ်သူကို ဖုန်းလှမ်းခေါ်ရတော့သည် ။

ရှန့်မင်အော်ငှားရမ်းထားသော နေရာကား ကျောင်းမှနေ၍ နှစ်ကီလိုမီတာအတွင်းရှိပြီး အတော်ဟောင်းနွမ်းသော ပတ်ဝန်းကျင်တွင်တည်ရှိ၏ ။
အခန်းပတ်ပတ်လည် အကျယ်အဝန်းမှာ မီတာနှစ်ဆယ်ဝန်းကျင်ရှိပေ၏ ။ ကုတင်ကိုဖယ်၍ အခန်းတွင်း နေရာအယူထားဆုံးအရာကိုပြပါဆိုလျှင်ကား စာအုပ်စင်ပင် ။

အထင်ကြီးစရာကောင်းလောက်သော စာအုပ်ပမာဏက စာအုပ်စင်၌ ပြည့်ကျပ်နေသည် ။ ထို့ပြင် တခြားစာအုပ်အတော်များများကိုလည်း ​ကြမ်းပြင်ပေါ်တွင် ထပ်စီထားသေး၏ ။ စာအုပ်အရွယ်အစားအလိုက် အမျိုးအစားခွဲလျက်။

အခန်းကား သန့်ရှင်းသပ်ရပ်နေပေ၏ ။ သို့သော် ပိုးသတ်ဆေးနံ့အနည်းငယ်ကို တစ်ချက်တစ်ချက် ရတတ်သေးသည် ။

လုဖုန်းအခန်းထဲ တစ်ချက်လှည့်ပတ်ကြည့်မိသည် ။ သို့သော် ၎င်း၏သေးငယ်လှသော အရွယ်အစားကြောင့် အခန်းတစ်ခန်းလုံးကြည့်ရန် အချိန်ပင်သိပ်မယူလိုက်ရ ။ နောက်ဆုံးတွင်ကား အခန်းထဲရှိ တစ်ခုတည်းသောထိုင်ခုံတွင် လုဖုန်းထိုင်ချလိုက်တော့သည် ။

ရှန့်မင်အော်၏စားပွဲကား သန့်ရှင်းသပ်ရပ်ကာ ပစ္စည်းများကိုလည်း စနစ်တကျစုစည်းထား၏ ။
အရမ်းကြီး မသစ်လွင်တော့သော လပ်တော့ပ် တစ်လုံး ၊ အဖုံးမပါသော ဘောပင်တစ်ချောင်းအပြင် သေသပ်စွာစီထားသော နိုင်ငံခြားဘာသာစကားစာအုပ်အချို့ရှိပေ၏ ။

Flying Gulls Never Land [ဘာသာပြန်]Where stories live. Discover now