Chapter -6 (ထန်းဟော်ရှ)

25.1K 2.6K 88
                                    


Zawgyi

ထိုခဏလေးအတွင်းမှာ ဖြစ်ပျက်သွားသည့် အာဖြစ်အပျက်များနဲ့အတူ သူတို့ထင်သလို လော့ဟွာရှန် အရှက်ကွဲမည့်ကိစ္စမဟုတ်ခဲ့ပေ၊ဒီလူတွေက လော့ရှန်ဟွာဆီ နေ့လည်စာထမင်းဗူးလာပို့တယ်...၊ပြိးတော့ သလင်လေးလို့လည်း ခေါ်လိုက်သေးတယ်၊ဒါဘယ်လိုအခြေအနေကြီးလဲ??

ဟန်မင်စုဟာလည်း ထိုသို့ဖြစ်လာမည်ဟုမထင်ချေ၊သူလည်း အခြားသူတွေ တွေးသလိုမျိုးတွေးခဲ့တာကိုး၊အခုလိုမျိုး တကူးတက နေ့လည်စာလာပို့ခံရမယ်လို့ သူလုံးဝမတွေးခဲ့ပေ၊ပြီးတော့ macarons အချိုမုန့်ရဲ့ဘေးရှိ တံဆိပ်ကိုတွေ့လိုက်ရသည့်အချိန်မှာ အံ့အားသင့်သွားတော့သည်၊ သူတစ်ယောက်ထဲ မြင်သည်မဟုတ်ဘဲ အချိုမုန့်ကြိုက်သည့်ကျောင်းသူ၊ကျောင်းသားအချို့ဟာလည်း မြင်သွားပြီး

"King of macarons!"

King of Macaronsက နာမည်အတိုင်း အချိုမုန့်ပြုလုပ်သည့်နေရာတွေ ဘုရင်တစ်ပါးလိုပင်၊သူတို့ဆီက Macaronsအချိုမုန့်ဟာ တစ်ရက်ကို အခုတစ်ရာသာ ရောင်းချပြီး အရမ်းကိုလည်းဈေးကြီးလွန်းလှသည်၊မင်းမှာ ပိုက်ဆံရှိနေရင်တောင် ထိုအချိုမုန့်စားရဖို့ မသေချာပေ၊သူတို့တောင် တစ်ခါထဲစားဖူးခြင်းဖြစ်သည်၊ဒီအချိုမုန့်တစ်ခုရဲ့တန်ဖိုးဟာလည်း သာမန်မိသားစုရဲ့ခြောက်လစာဝင်ငွေနဲ့ညီမျှသေးသည်၊ ဒါပေမယ့် ဆင်းရဲသားကောင် လော့ရှန်ဟွာဆီမှာ အခု၂၀လောက်တွေ့နေရသည်၊ မယုံနိုင်စရာပဲ!လောကကြီး ဘာဖြစ်ကုန်တာလဲ

လော့ရှန်ဟွာကတော့ အချိုမုန့်မကြိုက်တဲ့သူဖြစ်ပေမယ့် King of Macaronsရဲ့အချိုမုန့်တွေရဲ့ဈေးနူန်းကိုတော့ သူနားလည်သည်၊ လီကုမ္ပဏီဟာ အနည်းငယ်အင့်အားတောင့်တင်းထိနေရာမှာ ပါဝင်ပေမယ့် သူရဲ့အစ်မစားဖို့အတွက် ထိုဆိုင်အရှေ့တွင် ငါးနာရီလောက် အချိန်ဖြုန်းရပ်ခဲ့ရပြီး အချိုမုန့်သုံးခုသာရရှိခဲ့ပြီး ထိုမုန့်ရဲ့ဈေးနူန်းကြောင့် ထိတ်လန့်ခဲ့ရသေးသည်၊ သူရှေ့ရှိ macaronsတွေကိုကြည့်ပြီး

'ငါ့ဒယ်ဒီက အရမ်းချမ်းသာတာပဲ' လို့ တွေးလိုက်ရင်း အံ့အားသင့်နေတဲ့သူတစ်သိုက်ကို လျစ်လျူရှုလိုက်ပြီး kani (ဂဏန်းသားကိုထမင်းရဲ့အပေါ်မှာထပ်ထားသည့် nigiri) ကို soy ဆော့စ်နဲ့ တို့လိုက်ပြီး ဖြည်းဖြည်းချင်းစားလိုက်သည်၊ သူ sushiကို သဘောကျရသည့်အကြောင်းအရင်းဟာ ထမင်းကြောင့်လည်းပါသည်၊ထမင်းရဲ့အရသာဟာအရမ်းကိုစားကြောင်းပြီး sayဆော့စ်ရောထားသည့် wasabiနဲ့တွဲစားပြီး ရရှိသည့်အရသာဟာ ပြောပြမတတ်နိုင်ပေ၊

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလားWhere stories live. Discover now