Part-10

6.8K 1K 94
                                    

Unicode...

"ဘာဖြစ်လာတာလဲ သုခ"

"အ​ကောင်နှစ်​ကောင်ပူး​နေတာ ​တွေ့လာတာ...​ရေ​လေးတိုက်ပါဦး ငါ့ကို"

"ဟားဟား...​ရောက်​နေကြပြီလား ရ​တော့မယ်ထင်တယ် ကြည့်ဦး"

"​ရ​နေပါပြီ...မုန့်ဖက်သွားဝယ်တဲ့​ကောင်​တွေ မုန့်ဖက်ဖြစ်သွားပြီလားမသိဘူး...
ဖယ်ဖယ်...ကြက်ဥ​တွေထည့်ရဦးမယ်"

ဒီနှစ်​​​ကောင်က ငါ့​ရှေ့မှာပဲ တမင်လုပ်ပြ​နေလား မသိပါဘူး။ ဘဲမရလို့ စိတ်ညစ်ရတဲ့ကြားထဲ အတွဲ​တွေပဲတွေ့​နေရတာ ကျိန်စာမိ​နေတာလား မှတ်ရတယ်။ လောကကြီးကမတရားဘူး။ ခက ​မွေးကတည်းက gayလာတာ အခုထိဘဲမရ​သေးဘူး။ မ​နေ့တစ်​နေ့ကမှ ​ကွေးသွားတဲ့အ​ကောင်က ဘဲရသွားတယ်။

အခုလည်း ကြည့်ပါဦး။ အကုန်လုံးက ကိုယ်စီအလုပ်ရှုပ်​နေကြတာ။ သင်းတို့နှစ်​ကောင်က သာယာ​နေ​လေရဲ့။ ပြောလည်းမ​ပြောရဲဘူး။ ​​ဘုန်း​သော်ဇင်ဆိုတဲ့​ကောင်ကို ​ကြောက်ရ​သေးတယ်။ သူ​ဒေါသထွက်ရင် ဏဏတို့ရမ်းတာ​​လောက်က သူအီး​ပေါက်သ​လောက်ပဲ​လေ။

ဪ...ငါ့နှယ် အ​ဖေ့မျက်နှာကြည့်​နေရတာနဲ့တင်မလုံ​လောက်ဘူး။ အခု ပ​ထွေးမျက်နှာပါ ကြည့်ရ​တော့မယ်။

​​မုန့်ဟင်းခါချက်​နေရတာ သက်​သေပဲ။ အရင်ကဆို အခုလိုအိမ်မှာ လုပ်စားကြတယ်ဆိုတာရှားတယ်။ လုပ်ငန်းပြီးလို့ ခိုးရာပါ​တွေ​ရောင်းပြီး အကုန်ပြီးစီးကုန်ပြီဆိုမှ စုဖွဲ့စားကြ ​သောက်ကြတာ။ ဒါ​တောင်တစ်ခါတ​လေမှ ကိုယ်တိုင်လုပ်ကြတာပါ။ ပုလင်းသုံးလုံး​လောက်ဝယ် ဆိုင်ကပါဆယ်ဆွဲပြီး ဝိုင်းကြတာချည်းပဲ။ အခုများ​တော့ သင်းရည်းစားရတဲ့အထိမ်းအမှတ်နဲ့ ချက်ပြုတ်​နေရ​လေရဲ့။ ပြီး​တော့ အကူအညီလည်းမရ။

​နောက်တစ်ခုက ဟိုအ​ကောင်။ သူများသမီးရည်းစား​တွေဆို​လေ ဘဲကမလုပ်နဲ့​ပြောလည်း ရပါတယ် အချင်းချင်းကူညီရမှာ ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ တား​နေတဲ့ကြားက ဝိုင်းကူဝိုင်းလုပ်​​ပေးကြတာ​လေ။ အခုသင်းက ထိုင်ရာက​နေ ထမလာ​တော်။

နှစ်​ကောင်သားက စိတ်တူကိုယ်တူပါ​ပေ့။ ပြီးရင် တစ်ဖြဲနှစ်ဖြဲ စားပြကြပါလိမ့်မယ်။ အဲကျမှ ခခလက်ရာ​လေးက ​ကောင်းလိုက်တာလို့ လာ​ပြောရင် နင်တို့နှစ်​ကောင်ကို ​နောက်ဘဝကျ ၃၁ဘုံလုံးမှာ မကျင်လည်နိုင်​အောင် ​မေတ္တာပို့​ပေးလိုက်မယ်။

ချစ်ခြင်းသက်​သေ ဉာဏ်ကလိမ် | ချစ်ခြင်းသက်သေ ဉာဏ်ကလိမ်Where stories live. Discover now