Part-31

24.1K 2.4K 202
                                    

(Zawgyi)🍀🍀🍀🍀🍀

Part-31
(ကိုယ်...ချစ်သော clover..!!..)

"အစ်ကိုတို့ မှာထားတာ ရပါပြီ ခင်ဗျာ.."

စားပွဲထိုးလေးသည် သွက်လက်စွာပင်...
သစ်သားဗန်းလေးပေါ်မှ ရှမ်းခေါက်ဆွဲပန်းကန်
များကို စားပွဲပေါ်သို့ ချပေးသည်..။

"ဒါက ဒီအစ်ကိုအတွက်ပါ..."

စားပွဲထိုးလေးသည် လင်းနေရှေ့သို့
ရှမ်းခေါက်ဆွဲ ပန်းကန်လေးကို သေချာချပေး
ကာ ထွက်သွား လေသည်...။

"ဝါး.. ကြက်သားတွေ အများကြီးဘဲ..
အရင်ထက် နှစ်ဆ..မဟုတ်ဘူး သုံးဆ
လောက် ပိုများလာတယ် ကြည့်စမ်း.."

ရှမ်းခေါက်ဆွဲ ပန်းကန်ကိုကြည့်ကာ လင်းနေ၏
သဘောတကျ ရေရွတ်သံကထွက်လာသည်..။
အမှန်တကယ်ပင် စားပွဲထိုးလေး လာချပေးသွား
သော ရှမ်းခေါက်ဆွဲ သုံးပွဲတွင် လင်းနေအတွက်
ပန်းကန်မှာ ခေါက်ဆွဲပင် သိပ်မမြင်ရချင်တော့..။
အနေတော်နွင်ထားသော ကြက်သားဖက်များဖြင့်
သာ ပြည့်နေသည်။ ထို့ပြင် လင်းနေ ကြိုက်သော
ကြက်သွန်မြိတ် စိမ်းစိမ်းလေးများကိုလည်း သေချာထည့်ထားပေးသည်..။

ဒီရေလှိုင်းကတော့ လင်းနေကို ဘေးမဲ့ပေးထား
ပုံပင် အဖတ်ပင်မလုပ်။ မြေပဲခြမ်းလေးများ...
ကြက်သွန်မြိတ်စိမ်းစိမ်းနှင့် ကြက်သား ခရမ်းချဉ်
သီးအနှစ်များနှင့် သူ့ရှမ်းခေါက်ဆွဲကိုသာ သေချာ
သမအောင်မွှေနေလေသည်။

"ကိုကြီးသူငယ်ချင်း..."

သူ့ရှမ်းခေါက်ဆွဲပန်းကန်လေးကို ဒီရေလှိုင်း ရှေ့
တိုးပေးရင် မျက်လုံးပြူးလေးဖြင့် ကြည့်လာသော
ခရမ်းချဉ်သီး..။ လင်းနေကို လှမ်းကြည့်လိုက်
တော့ ရှမ်းခေါက်ဆွဲစားပြီးလျှင် ရေးနွေးတစ်ခါ
ထဲသောက်ရန်အတွက် အအေးခံရင်း အလုပ်များ
နေသည်။ ဒီရေလှိုင်း လေပူတစ်ချက်မှုတ်ထုတ်
ရင်း ခရမ်းချဉ်သီး၏ ပန်းကန်ကို ဆွဲယူလိုက် သည်။

သေချာသမအောင်မွှေပြီးမှ ခရမ်းချဉ်သီးကို
ပြန်ပေးလိုက်သည်။ မိမိလည်း စားရန်ပန်းကန်
ကိုဆွဲယူလိုက်သော်လည်း ခရမ်းချဉ်သီး သည်
တူကိုင်တတ်ပုံမရသောကြောင့် ခေါက်ဆွဲဖတ်
များမပါ ဖြစ်နေရသည်..။

Clover your'e my clover[Completed]Where stories live. Discover now