Episode -3 (Z+U)

27K 2K 163
                                    

Unicode
...................

မာန် သည် အိပ်နေသော ခွန်း ဘေးနားသို့ထိုင်ကာ ဝိုင်းစက်နေသော မျက်နှာလေးကိုကြည့်လိုက်သည်။

"အရမ်းကိုနာကျင်ခဲ့မှာပဲ "

ပြောရင်း ကောင်လေးကိုဖွဖွလေး ကိုင်မိသည်။
ခဏနေတော့ ခွန်းလည်းနိုးလာကာ

"နိုးနေရင်လည်းထ မင်းကိုပြုစုဖို့အချိန်မရှိဘူး"

မာန် ပြောလိုက်တဲ့စကားကြောင့် ခွန်း ချက်ချင်းပင်ထထိုင်ကာ အိပ်ရာသိမ်းလိုက်သည်။

"ဒီနေ့ကစပြီးအရင်လိုပဲ ငါ့အခန်းမှာပြန်လာနေ "

"ဟုတ် "

ခွန်း ကတစ်ခုခုပြောချင်နေတဲ့ပုံစံနဲ့ကြည့်လာတာမို့

"ပြောစရာရှိလို့လား"

"ဗျာ.....ဟင့်အင်း မဟုတ်...."

"ငါလိမ်တာကိုမကြိုက်ဘူးနော်!!! "

မာန် ကအော်လိုက်တာမို့ ခွန်းလည်းတုန်တတ်သွားသည်။

"ခွန်း....ခွန်း...ကျောင်းဆက်တတ်ချင်တယ်"

"ဘာ.....အခုချိန်မင်းကငါ့မယားဖြစ်နေပြီလေ ဘာကိုကျောင်းတတ်ဦးမှာလဲ။ အိမ်မှာနေတာတောင် မင်းမယားတစ်ယောက်တာဝန် ကျေပွန်လို့လား?"

မာန် ပြောလိုက်တဲ့ 'မယား' ဆိုတဲ့စကားကြောင့် ခွန်းဒေါသထွက်လာသလို ရှက်လည်းရှက်မိသည်။

"ခွန်း ကမိန်းမမှမဟုတ်ဘဲ"

"ဘာ.....!"

"ခွန်း ကယောက်ျားပါ မိန်းမ မဟုတ်ဘူး "

"ငါယူထားရင် ငါ့မိန်းမပဲ ။ နေပါဦး ဒီရက်ပိုင်းအတွင်းမင်းကိုအလိုလိုက်မိလို့လား ဟမ်!ငါ့ကိုပြန်ခံပြောနေတာ "

ပြောလိုက်တော့ ခွန်း ခေါင်းငုံ့သွားသည်။ ကြမ်းပြင်ပေါ်သို့ကျလာတဲ့ရေစက်တွေကိုမြင်လိုက်ရတာမို့ မာန်စကားတို့ကိုဆက်ပြောလိုက်သည်။

"အေး ပြောလိုက်ရင်ငိုဖို့ပဲ ၊ မင်းငိုတာကလွဲရင်ဘာတတ်သေးလဲ ဟမ်!"

ခွန်းကတော့ ဘာမှပြန်မပြောဘဲ ငိုသာငိုနေလေသည်။
ခွန်း ကယောက်ျားပါ။ ပြီးတော့ လက်ထပ်ထားတဲ့သူကလည်းယောက်ျားတစ်ယောက်။ ယောက်ျားချင်းတူတာတောင် ခွန်း က အခြားယောက်ျားတစ်ယောက် လိုချင်တိုင်းပေးဆပ်နေရတဲ့ ယောက်ျားတစ်ယောက်။

လှောင်အိမ်ငယ်/ေလွာင္အိမ္ငယ္ { Completed }Where stories live. Discover now