Part-15

5.8K 819 27
                                    

Unicode...

Ring Ring~~~

"ဟယ်လို"

"​တေ​ဇော...ဟို​လေ"

"​သော်ကြီး...ငါစိတ်တို​နေတယ်​​နော်...​ပြောစရာရှိတာ​ပြော"

"ဟို...
ဟဲ့....​သော်​သော့်​​ကောင်​လေး!!!!! ခခbrush​တွေ​ရော...ခခbrush​​တွေရောလို့...မင်းဆီမှာ ရှိတယ်မလား"

အမ​လေး​လေး...နားကိုအူထွက်သွားတာပဲ။ ခခက ဘယ်​တော့မှ ညင်ညင်သာသာမ​ပြောဘူး။ ဒါနဲ့ ဘာတဲ့။ သူ့brush​တွေဆိုတာ။

"​ဟုတ်တယ် ​တေ​ဇော...​ဆောရီး ငါနေ့လယ်က​ပေးလိုက်တာ cameraမဟုတ်ဘူး ဟီး...သုခဟာ​တွေ"

"ဘာ...ဘယ်လို...brush​တွေက​လေ"

"ဟီး...ဟုတ်တယ်"

"ဟဲ့...ငါ့အတံ​​တွေ တစ်ခုခုဖြစ်လို့က​တော့ ပြန်​လျော်ရမှာ​နော်"

"ဟမ်...​အေး​ အေးပါ...ဘာမှမဖြစ်​စေရဘူး...စိတ်ချ...မနက်ဖြန်ကျ ပြန်​ပေးမယ်​နော် ခခ​နော်"

​သောက်ကျိုးနည်း ​သော်ကြီး။ ​ကောင်း​ရော။ ကျွန်​တော့်မှာ​တော့ ဦးလှ​ဆွေကိုမာန်ခဲလိုက်ရတာ။ အ​မေ့ကို ဘယ်လိုမျက်နှာပြရပါ့။ အမှန်တိုင်းရှင်းပြလိုက်သင့်လား။ ဒါဆို ဦးလှ​ဆွေကြီးက ကြားထဲက သက်သာသွားမှာ။ မရှင်းပြရင်လည်း အ​မေဆိုသည်မှာ မျက်ရည်နဲ့မျက်ခွက်။ ခု​လော​လောဆည် အ​မေတို့အခန်းထဲ ပြန့်ကြဲနေတဲ့ သုခအ​ချောင်းတွေကိုသွား​ကောက်ရဦးမယ်။

"ဟာ...သွားပြီ...သွားပါပြီ...အ​မေ...ဘာ​တွေလုပ်ပစ်တာလဲ"

​မေးသာ​မေးတာ အ​ဖြေကကိုယ့်​ရှေ့မှာ။ သွားပြီ။အကြီးကြီးသွားပြီ။ သုခအတံ​တွေအကုန်ကျိုးကုန်ပြီ။ ဒါ​တွေက ​ဈေးကြီးလားဟင်။ ပြန်ဝယ်​ပေးရ​တော့မ​ပေါ့။

"ဘာလုပ်ရမှာလဲ သားရဲ့...အ​မေလည်း စိတ်တိုတိုနဲ့ အကုန်ချိုးပစ်လိုက်တာ​ပေါ့"

အခုချိန်မှ​​တော့ အမှန်တိုင်း​ပြောလိုက်တာ ​ကောင်းမယ်ထင်တာပဲ။

"ဟို...တကယ်​​တော့​လေ အဲဒါ​တွေက...ကျွန်​တော့်ဟာ​တွေ"

"ဘယ်လို"

"​ဟုတ်တယ်အ​မေရဲ့...ဦးလှ​ဆွေ ကျွန်​​​တော့်အိတ်ထဲက ခိုးသွားတာ"

ချစ်ခြင်းသက်​သေ ဉာဏ်ကလိမ် | ချစ်ခြင်းသက်သေ ဉာဏ်ကလိမ်Where stories live. Discover now