Part 58(unicode)

8K 1.4K 536
                                    

.Chapter 58;

ရွှယ်ပါ့တစ်ယောက်ကို ရည်းစားတော်ထားတာ
ဘာနဲ့တူလဲသိလား?။

မင်းတို့နှစ်ယောက် ကြင်ကြင်နာနာယုယုယယ
နဲ့ချစ်စိတ်တွေ ပြင်းပြပြည့်လျှံနေတဲ့အချိန်မျိုး
မှာသူကရုတ်တရက်မေးခွန်းဟောင်းစာရွက်ကို
လုပ်ချင်လိမ့်မယ်၊ထို့ကြောင့်မင်းက သူ့အတွက် စာမေးပွဲခန်းစောင့်လုပ်ရင်းတစ်ချိန်လုံးဘေးမှာ
ထိုင်စောင့်မယ်။ အံသြဖို့ အကောင်းဆုံးကတော့ ထူးချွန် ကျောင်းသား တစ်ယောက်ဟာ မေးခွန်းဟောင်းစာရွက်များဖြေနေရင်း ၊အာရုံဝင်စားမှု
အမြင့်ဆုံးရောက်သွားတဲ့အချိန်တွင်ပျင်းစရာ
ကောင်းအောင် 'မေးခွန်းဟောင်းဖြေခြင်း'ဆိုတဲ့တာဝန်ကြီးအပေါ်မှာ သူ့ကိုယ်သူ ထာဝရမြှပ်နှံ
ပစ်ဖို့လုပ်လာလိမ့်မည်။

ဟုတ်သည်။မင်းရဲ့အချစ်တွေကို ပိုင်ဆိုင်ထား
တဲ့ အထူးသီးသန့်လူသားလေးက စာရွက်တွေ
ကြားမှာစျာန်ဝင်စားမှု အမြင့်ဆုံးရောက်နေတဲ့
ပုံရိပ်က မင်းကို မမာတော့အောင် လုပ်ပေးနိုင်
စွမ်းရှိကောင်းရှိကောင်းလိမ့်မယ်။

တကယ်လို့ မင်းအနေနဲ့ မာလာခဲ့ရင်​၊မင်းမှာ
အပြစ်ရှိသလိုမျိုးခံစားနေရလိမ့်မည်။

ထို့နောက်သူမေးခွန်းဟောင်းစာရွက်များဖြေပြီး
သည့်အချိန်မှာ ညစာ, စားချိန်ဖြစ်ကောင်းဖြစ်
သွားနိုင်သည်။ ထိုအချိန်မှာ မင်းကသူ့ကို
'ညစာ သွားစားမလား'မေးလျှင်၊သူကမင်းကို
'မင်းအိမ်စာပြီးပြီလား။အခုထိမကူးသေးဘူးလား' ဆိုပြီး ချက်ချင်းပြန်မေးလိမ့်မည်။

မင်းကိုယ်မင်းစက်ဆုပ်မုန်းတီးရင်းအိမ်စာ
အားလုံးပြီးသွားလျှင်အားလုံးပြီးသွားပြီလို့
တွေးမိရုံ ရှိသေးသည်။

မင်းရဲ့ဖုန်းက အသံမြည်လာ၏။

ကုဖေးသည်ဖုန်းကို ကောက်ကိုင်ပြီး ဖွင့်ကြည့်
လိုက်တယ်။ဖုန်းမျက်နှာပြင်ပေါ်တွင်ကုမြောင်
ပို့ထားသည့်လိုရင်းတိုရှင်းစာတစ်စောင် ရောက်နေ၏။

-ပြန်လာတော့

သူကမနေ့တည်းကအိမ်ပြန်ပြီး ထမင်းမစားခဲ့တာဖြစ်သည်။မဟုတ်သေး...မနေ့မနက်ဘက်စကတ်ဘောပြိုင်ပွဲပြီးတည်းက သူ အိမ်မပြန်ဖြစ်ပေ။
ကုမြောင်ကသူ့ကိုလွမ်းနေလောက်၏
သူ ကုမြောင်ဆီစာပြန်ပို့လိုက်၏။

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Where stories live. Discover now