Part 5

1.5K 278 9
                                    

Unicode

နားထဲ လေတိုးသံတွေသာ အဆက်မပြတ်ကြားနေရပြီး ခေါင်းက တောင်ယိမ်းမြောက်ယိမ်းဖြစ်နေသည်ကို သိသော်ငြား အိပ်ချင်စိတ်က အလေးသာနေသည်မို့ မျက်လုံးမဖွင့်မိ။ နေထိုးသည့်ဘက်အခြမ်းတွင် ဝင်ထိုင်သည်မို့ သိသိသာသာ မျက်လုံးစင်းလာရင်းကနေ baekhyun အပီအပြင်ငိုက်နေခြင်းဖြစ်သည်။

ရုတ်တရက် ဒေါင်ကနဲ မြည်သံတစ်ချက်နှင့်အတူ baekhyun မျက်လုံးချက်ချင်းပွင့်လာ၏။ နာကျင်သွားသော ဦးစောင်းလေးအား လက်ဖနောင့်ဖြင့် ပွတ်သပ်ရင်း အပြင်ဘက်ကို ဝိုးတိုဝါးတားကြည့်မိသည်။

တော်တော်ခရီးပေါက်လာပြီပင်။ ဂိတ်ဆုံးနား ရောက်ခါနီးနေပြီမို့ ဆက်မငိုက်စေရန် မျက်လုံးပွတ်သပ်နေရင်းမှ တစ်ချက် သမ်းဝေလိုက်သည်။

မညီမညာ မြေသားပေါ်တွင် လူးလွန့်သွားနေသည့် ကားက တစ်ချက်တစ်ချက် ယိမ်းထိုးနေသော်ငြား အကြမ်းပတမ်းတော့မဟုတ်။ မြက်ရှည်ပင်များနှင့် လယ်ကွက်တချို့အား မြင်လာရပြီမို့ မြို့ပြနှင့် အတော်ဝေးလာပြီမှန်း သိလိုက်သည်။ သွားနေသော ကားအရှိန်ကြောင့် တိုးဝင်နေသော လေပြေက သိသိသာသာလန်းဆန်းစေပြီး ပတ်ဝန်းကျင်ကလည်း ကားသံမှလွဲ၍ တိတ်ဆိတ်ငြိမ်သက်နေသည်။

ကားပေါ်တွင်လည်း baekhyun အပါအဝင် တစ်ယောက်စ နှစ်ယောက်စလောက်သာ ကျန်တော့ပြီး အကုန်လုံးသည်လည်း အာရုံကိုယ်စီနှင့်ဖြစ်သည်။ ညက အိပ်ရေးပျက်ထားသမျှ အားရပါးရ အိပ်လိုက်ရသည်မို့ ကျေနပ်စွာပင် ပြတင်းပေါက်တလျှောက် လိုက်ကြည့်နေလိုက်သည်။

ကားဆရာထံမှ ဂိတ်ဆုံးကြောင်း ​အသံပေးပြီးသည်နှင့် ပေါင်ပေါ်တင်ထားသည့် လွယ်အိတ် မ,ကာ ဆင်းလာလိုက်သည်။ နာရီကိုကြည့်မိတော့ ၁၁ ခွဲ။ နေ့လယ်နေခင်းမို့ နေအပူရှိန်တောက်နေငြား တိုးဝှေ့သွားသည့် လေ​က အေးချမ်းနေသည်မို့ သိပ်မပူလောင်။ အိပ်ချင်စိတ်မပြေသေးသည့် မျက်ဝန်းမှေးများကို တတ်နိုင်သလောက် ပြူးကျယ်ရင်း အပျင်းကြောဆန့်ကာ လမ်းတစ်လျှောက် ထွက်လာလိုက်သည်။

မှတ်တိုင်ကနေ မြေနုလမ်းလေးတစ်လျှောက် ခြေလျင်လျှောက်ရပြီး အနည်းငယ်မြင့်မားစွာ တည်ရှိနေသော မြက်လင်းအပြည့် တောင်ကုန်းလေးတစ်ခုထံ ဦးတည်သည်။ ထိုတောင်ခြေနှင့် အနည်းငယ် အကွာအဝေး ရှိသော တစ်နေရာတွင် ပလက်စတစ် အမိုးငယ်လေးနှင့် ပန်းရောင်းသည့် ဆိုင်တစ်ဆိုင်ရှိသည်။

The LOEYWhere stories live. Discover now