Part-33

23.2K 2.4K 165
                                    

(Zawgyi)🍀🍀🍀🍀🍀

Part-33
(ကိုယ်...ချစ်သော clover..!!)

ဒီရေလှိုင်း ကားကိုရေခဲမုန့်ဆိုင်နှင့် အနီးတွင်
ရပ်လိုက်သည်နှင့် တိမ်​ငယ်​ မျက်ဝန်း များ အရောင်တောက်သွားတော့သည်။ ကား​ပေါ်မှ
သူ၏လွယ်​အိတ်​​လေးပိုက်​ကာ ဆင်းလာ​သော
တိမ်​ငယ်​​ကြောင့်​ ဒီ​ရေလှိုင်း မျက်​မှာင်​ကြုတ်​ကာ
ကြည့်​လိုက်​သည်။

"ခရမ်းချဉ်သီး လွယ်အိတ်ကို ကားထဲ
ထားခဲ့လေ။ ဘာလို့ယူလာမှာလဲ..."

"အာ..ဟုတ်ကဲ့ ကိုကြီးသူငယ်ချင်း..."

တိမ်ငယ် လွယ်အိတ်လေးကို ကားထဲပြန်
ထည့်ကာ ဒီရေလှိုင်းနောက်သို့ အမြန်လိုက်
ရသည်။ တိမ်​ငယ်​ ဆိုင်​အပြင်​ဘက်​ကို မြင်​နိုင်
အောင်​လုပ်​ထား​သောမှန်​ချပ်​အနားရှိ ထိုင်​ခုံ​လေး
ကို ​ရွေးကာ ထိုင်​ရန်​လုပ်​လိုက်​သည်​။

"ဒီမှာမထိုင်ဘူး ဟိုဘက်ခုံမှာသွားထိုင်မယ်.."

"ဗျာ...ဟုတ်ကဲ့ ကိုကြီးသူငယ်ချင်း..."

ဒီရေလှိုင်း သွားနေသော စားပွဲတွင်တော့
မိန်းမလှလေး တစ်ဦးသည် ကျော့ရှင်းစွာ
ထိုင်နေသည်။ သူမအာရုံသည် လက်ထဲက
ဖုန်း၏ မျက်နှာပြင်တွင်သာရှိသည်..။

ခေါင်းငုံ့​ကာ ဖုန်းသုံး​နေ​သော​ကြောင့်​...
တစ်​စွန်းတစ်​စကျလာ​သော ဆံပင်​​လေး
များကို လက်​သွယ်​သွယ်​​လေးဖြင့်​ သိမ်းယူ
ကာ နား​နောက်​ကိုပြန်​ပို့လိုက်​​သော သူမက
အ​တော်​ပင်​လှသည်​...။

ဒီရေလှိုင်း ထိုမိန်းမလှလေးရှေ့မှ စားပွဲခုံကို...
လက်နှင့်ခေါက်လိုက်သောအခါ သူမက..
မော့ကြည့်လာသည်။ အစပိုင်းတွင် အနည်းငယ်
အံ့ဩသွားပုံပေါ်သော သူမက ပြုံးပြလာသည်..။

"ဒီရေလှိုင်း"

"အင်း..ကိုယ်ဘဲ၊ ကိုယ်ထိုင်လို့ရမလား ရင့်....
ဆိုင်ထဲမှာ ခုံလွတ်တွေမရှိလို့လေ..."

နောက်တွင် ရပ်နေသော တိမ်ငယ်က ကြောင်
တောင်တောင်လေးနှင့် ဆိုင်​ထဲမှခုံလွတ်များကို
လှမ်းကြည့်သည်။ မျက်လုံးလေး ပုတ်ကလက်
ပုတ်ကလက်လုပ်ကာ ဘာမှတော့မပြော..။

Clover your'e my clover[Completed]Where stories live. Discover now