🤍 အပိုင်း 7 🤍

19.9K 560 5
                                    

Unicode:

Unrequited Love Means~

🤍 အပိုင်း 7 🤍

ဆေးရုံက ပြန်ဆင်းပြီး အိမ်ကို ပြန်ရောက်လာထဲက ခခက သူ့တစ်ယောက်ပဲ ကွက်မေ့သွားလား အောက်မေ့ရအောင် အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့သည်။

အရင်ကဆို မိုးလင်းမိုးချုပ် ကိုကို .... ကိုကို ဆိုပြီး တနေတတ်သည့် ကောင်မလေးက အခုတော့ သူ့အား ဖုတ်လေတဲ့ ငပိရှိတယ်လို့တောင် မထင်တော့ပါ.....

အကြည့်ချင်း ဆုံသွားတိုင်း ရှက်ပြုံးလေးနဲ့ အရင်ခေါင်းလေးငုံ့ကာအကြည့်လွှဲသွားတတ်သည့် သူမလေးက အခုများတော့
မိုးစျေအား မျက်လုံးချင်းဆုံအောင်တောင် အကြည့်မခံတော့ပါ .....

ညဆို သူအိပ်ပျော်သွားမှ အခန်းထဲ၀င်လာတတ်ပြီး မနက်မိုးလင်းလျှင် သူ့အရင်ထသွားတတ်သည်.....

သူမလေးက ခေါင်းမှာ ဒဏ်ရာကြီးနဲ့မို့
ညဘက်စောစောအိပ်လို့ရအောင် သူ့မှာ
အစောကြီး အိပ်ရာ၀င်ရပြီး မအိပ်ချင်လဲ မျက်လုံးကို စုံမှိတ်ထားရသည် ......

သူပြောလိုက်မိတဲ့ စကားတစ်ခွန်းအပေါ် မကျေနပ်လဲ တစ်ရက် နှစ်ရက် ကြာရင်
စိတ်ထဲက ပျောက်သွားမှာပါလို့ မိုးစျေ ယူဆခဲ့သမျှ နောက်တော့မှ အမှားကြီးမှားမှန်း သိခဲ့ရသည်.......

တစ်လကျော်ကြာသွားတဲ့အထိ သူမလေးက မိုးစျေအား လုံး၀ အဖက်မလုပ်ခဲ့ပါ.....

အခုလဲ စာသင်ပြီး အိမ်သို့ပြန်လာတဲ့လမ်းမှာ မိုးစျေတောက်လျှောက်စဥ်းစားလာခဲ့ပေမယ့် အဖြေက မထွက်ပါ.....

တွန်းလှည်းလေးနဲ့ ရောင်းနေတဲ့ မုန့်လင်မယားဆိုင်ရှေ့ရောက်တော့ ဆိုင်ထဲ၀င်လိုက်ပြီး ရိုးရိုးရယ်နဲ့ ငုံးဥနဲ့ လုပ်တာရယ်ကို ၀ယ်လိုက်သည် .....

အိမ်ပြန်ရောက်တော့ အမေ့ဆိုင်ထဲ တစ်ချက်ဝေ့ကြည့်လိုက်သည်မှာ ခခ ရှိမနေပါ......

သူ့အကြည့်ကို သိနေသည့်အမေ က စျေးရောင်းရင်းနဲ့ လှမ်းပြောသည်......

"မင်းမိန်းမ နောက်ဖေးမှာ ရေချိုးနေတယ်" တဲ့ .....

သူအမေကို ခေါင်းတစ်ချက်ငြိမ့်ပြပြီး
အိမ်ထဲ၀င်လာခဲ့သည်....... ပခုံးတွင်လွယ်ထားသော လွယ်အိတ်ကို တိုင်မှာချိတ်လိုက်ပြီး ၀ယ်လာသော မုန့်လင်မယား ပူပူလေးတွေကို ထမင်းအုပ်ဆောင်းအောက်မှာ ထည့်လိုက်သည် .....

🤍 Unrequited Love Means 🤍Where stories live. Discover now