သင်တန်းပိတ်ရက်လေး နားမည်ပြင်ပေမယ့် ကိုယ်၉နာရီထိုး လာခေါ်မယ် အသင့်လုပ်ထားဆိုသည့် ဦးကျန့်၏ အမိန့်ကြောင့် သူ ၈နာရီခွဲကထဲက ထိုင်စောင့်နေတယ်။ ရိပေါ်ရဲ့ အကျင့်က သူ့ကို အခြားလူစောင့်နေရမှာ အကြောက်ဆုံးပဲ။
ဘယ်သွားမည်မှန်း မပြောထား၍ အဆင်ပြေအောင်ပဲ တီရှပ်လက်တိုကို အပေါ်က အကွက်တစ်ထည်နဲ့ တွဲဝတ်လိုက်သည်။ အောက်ကတော့ စတိုင်လ်ပန် အနက်တစ်ထည်နဲ့သာ။ ရိပေါ် ဦးကျန့်ကို စောင့်ရင်း ရင်ထဲမှာ ဝမ်းနည်းနေသည်။
သူ ဦးကျန့်နဲ့ အခုလို ၂ယောက်ထဲ မသွားချင်။ လက်ရဲဇက်ရဲ ဦးကျန့်က ကြောက်ဖို့ကောင်းသည်။ ၂ယောက်ထဲပဲ ဆိုသည့်အသိက ရင်ခုန်စိတ်ကို မဖြစ်စေပဲ ကြောက်ပဲကြောက်နေသည်။
*ကိုယ်ရောက်ပြီ*
ဖုန်းထဲဝင်လာသည့် မက်ဆေ့ကြောင့် ရိပေါ် အိမ်တံခါးတွေ သေချာပိတ်ခဲ့ကာ ခြံတံခါးပါ သော့ခတ်ခဲ့လိုက်သည်။ ဒီနေ့ ထူးဆန်းသည်က ဦးကျန့်က ဆိုင်ကယ်နဲ့မဟုတ်ပဲ ကားနဲ့လာခြင်းပင်။
ကားကိုမှီကာ ရပ်နေသည့် ဦးကျန့်က တစ်ကယ်ထူးဆန်းနေသည်။ ဆံပင်အရှည်တွေကို ညှပ်ချပစ်လိုက်ပုံပင်။ ကတုံးပေါက်ဆံပင်စတိုင်လ်နှင့် လည်ပင်းနားက တစ်ခုထဲသော တက်တူးအသစ်လေးနဲ့က ဦးကျန့်နဲ့ ပိုလိုက်နေသလို။
ဦးကျန့်ကလဲ တီရှပ်လက်တိုကို အကွက်နဲ့ထပ်ဝတ်လာကာ အောက်ကဘောင်းဘီက ဒူးအထက်။ ခြေသလုံးမွှေးတွေနဲ့ ဦးကျန့်ခြေထောက်က သိပ်လှသည်။
*ဘာလဲ ထူးဆန်းလို့လား?*
အသေအချာစိုက်ကြည့်နေသည့်ရိပေါ်ကြောင့် ဦးကျန့်က သွားတွေမပေါ်အောင်ပြုံးရင်း မေးတယ်။ ရိပေါ် ခေါင်းညိမ့်ပြလိုက်ကာ
*ဆံပင်တွေ ညှပ်ပစ်တာလား*
*Yess..! ဘယ်လိုလဲ ကိုယ်နဲ့လိုက်လား*
ရိပေါ် အမှန်အတိုင်းပဲ ခေါင်းညိမ့်လိုက်တယ်။ ဒီဆံပင်ပုံစံနှင့်မှ ဦးကျန့်က ပိုခန့်လာသလို ပိုတည်ကြည်လာသည့်ရုပ်နှင့်။ tattooတွေနဲ့ ဦးကျန့်က ထိုဆံပင်ပုံနှင့် သိပ်လိုက်ဖက်သည်။
YOU ARE READING
Restart
Fanfictionဖြူဖြူစင်စင်လေးဆို ကိုယ်က အသဲတယားယားနဲ့ ခြေမွပစ်ချင်နေရော #ရှောင်းကျန့် ဦးကျန့်က ကျနော့်အတွတ် နားမလည်ဆုံးနဲ့ အခက်ခဲဆုံး ပုစ္ဆာပဲ #ရိပေါ်