°7°

17.5K 1.5K 24
                                    

ရိပေါ်နဲ့ ဟန်လင်ကောမှာ စာတမ်းပြုစုဖို့ အေးအေးဆေးဆေး ကော်ဖီဆိုင်လေး တစ်ခုကိုပဲ ရွေးခဲ့ကြတယ်။ ယွီပင်းကတော့ လေဆိပ်ကို ဧည့်သည်သွားကြိုရမည်ဆိုသောကြောင့် မပါပေ။

*ဒါလေးရော ထည့်သင့်တယ် ထင်တယ်နော် ရိပေါ်*

ရိပေါ် ဟန်လင်ကောဆီက စာအုပ်ကိုယူကြည့်လိုက်သည်။ နှစ်ယောက်သား မနက်ကထဲက စာကြည့်တိုက်မှာ စာအုပ်တွေရှာနေရတာ အခုမှ အေးဆေး‌စာလုပ်ရခြင်းပင်။

*ထည့်လိုက်ကော တော်တော် အဆင်ပြေတယ်*

ကောက လက်တော့ပ်ကို တတောက်တောက်နှိပ်ကာ စာရိုက်နေလေသည်။ ရိပေါ်ကလဲ အကြောင်းအရာတွေကို ရှာဖွေနေရတာပင်။ ၂ယောက်လုံး စကားပြောဖို့တောင် မအား။ ဒီ စာတမ်းက သူတို့ကို နိုင်ငံခြားသွားဖို့အထိ အကူအညီရသည်။ ရိပေါ် တို့ သင်တန်းက ထူးချွန်သူတွေကို ပညာတော်သင်လွှတ်ကာ လုပ်ငန်းတွေကိုပါ တစ်ခါထဲ ချိတ်ဆက်ပေးသည်။

*ကိုကိုကဗျာ..ဟားဟား*

ကော်ဖီဆိုင်ထဲကို အသံကျယ်ကျယ် ရယ်သံတွေနှင့် ဝင်လာသည့် သူတွေကို ရိပေါ်အမှုမဲ့ အမှတ်မဲ့ မော့ကြည့်လိုက်သည်။

ဦးကျန့်လက်မောင်းကို ချိတ်ဆွဲကာ ဆိုင်ထဲဝင်လာသည့် ရိပေါ်နဲ့ မတိမ်းမယိမ်းကောင်လေးတစ်ယောက်။ ဦးကျန့်ကလဲ ခပ်ပြုံးပြုံးဖြင့်သာ။ ရိပေါ် စိတ်ထဲမှာတော့ ဝမ်းနည်းသွားသည်။ ဦးကျန့်က အခုထိ သူ့ကို မမြင်သေး။

ရိပေါ်တို့ ရှေ့ကခုံမှာ ဝင်ထိုင်လိုက်သည့် ဦးကျန့်က ရိပေါ်တို့ကို ကျောပေးလျက်။ ဦးကျန့်ရဲ့ ဘာမှန်းမသိသည့် ကောင်လေးကသာ ရိပေါ်တို့နဲ့ မျက်နှာချင်းဆိုင်င်။

*Cappuccino ၂ခွက်ပေးပါ*

ဦးကျန့်ရဲ့ အဆက်လို့ထင်ရသည့် ခပ်ချောချောကောင်လေးက ပြုံးပြုံးလေးနဲ့ မှာသည်။ တော်တော်ချစ်စရာကောင်းသည်ကိုတော့ ရိပေါ် ဝန်ခံပါသည်။ သွားစွယ်လေးနှင့် ရယ်လိုက်ရင် မျက်လုံးလေးတွေ ပိတ်ကျသွားသည်။ ဦးကျန့် ပုခုံးသာသာ အရပ်ကလေးနှင့်။

ဘာကြောင့်မှန်းမသိ ရိပေါ်ဝမ်းနည်းလာသည်။ ဦးကျန့်က သူ့ တစ်ယောက်ထဲကို ချစ်တာမဟုတ်ဘူး ဆိုသည့် အသိကြောင့်လား? ဦးကျန့်ကို ကြောက်သည်ဆိုရင်းကနေ သူ ဦးကျန့်ကို ချစ်သွားတာလား? ဘာမှမသေချာပေမယ့် ဦးကျန့်ကို အခြားလူနဲ့ တွဲမြင်ရတာ သူ ရင်နာသည်။

RestartWhere stories live. Discover now