5

6K 979 91
                                    

||Unicode||

ဒီနေ့ဆို Jungkook ဆီမှာရောက်နေတာ
၁ပတ်တောင် ပြည့်တော့မည်။

အခုထိ ဒီနေရာနဲ့ နေသားမကျသေး
ပိုဆိုးတာက လူကို အထီးကျန်စေသည်။

အေးအေးဆေးဆေး နေရတယ်ဆိုပေမယ့်
အရင်က ဆိုင်မှာ ၀ယ်သူတွေနဲ့ အားတယ်ကို
မရှိ ။

ပြီးတော့ ဒီကို ရောက်တာနဲ့ Jungkookက
အလုပ်တွေများနေသည်ထင် ညနေကျမှ
ပြန်လာတက်သည်။

တစ်ခါတစ်လေ သူတို့အခြေအနေကြီးကို
အံ့ဩမိသည်။

သူ့အိမ်မှာတုန်းကလို နဲ့ အခုအခြေနေကြီးက
လုံး၀မတူ အများကြီး ပြောင်းလဲသွားတာ
က Jungkook ပင်။

ဒီအိမ်ကို ရောက်ပီးမှ Jungkookက
အရင်လို အေးစက်စက် မဟုတ်တော့ အရင်ကထက် ပိုပြီး ဂရုစိုက်လာသယောင်။

တစ်ခါ တစ်ခါ Jungkook နဲ့ မျက်လုံးချင်း
မဆုံရဲ သူ့အကြည့်တွေကို တကယ်မခံနိုင်။

ယောင်္ကျားလေး ချင်း ဖြစ်ပေမယ့်လည်း
တစ်ခါတစ်လေ Jungkook နဲ့ဆို ရှက်နေမိသည် ပြီးတော့ ရင်ခုန်မိ.....

သူဒီမှာ နေရတာ တကယ်ပျင်းပါသည်။
အပြင်ကိုလည်း Jungkook က မထွက်ခိုင်း ...

ဒါပေမယ့် စိတ်မကွက်ပါ ဘာလို့ဆို Jungkookက အခု ကိုယ့်ကို ကာကွယ်ပေးနေသည်မဟုတ်လား။

Joon hyungလည်း အခုချိန်ဆို ဘယ်လို
နေမလဲ မသိ ...အဲ့ထက် အစိုးရိမ်ဆုံးက Jimin..

" လွမ်းလိုက်တာ Park Jimin "

" ကိုယ့်ကိုရော !"

" ဟင် Jungkook "

.
.
.

ခုတလော အခြား ဂိုဏ်းတစ်ခုနဲ့ အရောင်း၀ယ်
တွေရှိနေတာမို့ အားဖြစ်တယ်ရယ်မရှိ။

နှစ်ကုန်ခါနီးမို့ မှောင်ခို‌ဈေးကွက်က အလုပ်ဖြစ်နေချိန်ဖြစ်သည်။

Yoongiကော သူကိုယ်တိုင်ပါ အိမ်မှာ ကပ်ဖြစ်ချိန်က ညအချိန်ဘဲ ရှိသည် ဒါတောင်
တစ်ခါတစ်လေ အချို့စာရင်းလေးတွေ ရှင်းနေရချိန်ဆို မိုးလင်းခါနီးမှ အိမ်ပြန်ရောက်သည်။

ပုံမှန်ဆို အိမ်ပြန်ချင်စိတ်မရှိပေမယ့် ထယ်ယောင်းရောက်လာတဲ့ အချိန်ကစပြီး
စိတ်တွေက အိမ်ကိုဘဲ ပြန်ချင်နေမိသည်။

𝖫𝗈𝗏𝖾 𝗒𝗈𝗎 𝗂𝗇 𝖣𝖾𝖼𝖾𝗆𝖻𝖾𝗋 || 𝖳𝖺𝖾𝗄𝗈𝗈𝗄 ||Where stories live. Discover now