🤍 အပိုင်း 8 🤍

19.3K 515 2
                                    

Unicode:

Unrequited Love Means~

🤍 အပိုင်း 8 🤍

"ခခ ရေ ခခ "

ခခ ဆိုင်မှာ အမေနဲ့ကူလုပ်ပေးနေတုန်း အိမ်ထဲမှ ခခကို အော်ခေါ်နေတဲ့ ကိုကိုကြောင့် အမေ့ကို လှမ်းကြည့်တော့ အမေက သွားသွားဆိုပြီး လက်ဟန်အမူအရာနဲ့ လုပ်ပြသည် .....

ဆိုင်မှာ လူကျနေပါတယ်ဆိုမှ အဲ့ကိုကိုဟာ တကယ်ပဲ ဘာလုပ်မလို့လဲမသိ ..... ချစ်တော့လဲ ကိုကိုဟာ ခခအား မျက်စိအောက်ကကို အပျောက်မခံတော့ပါ....

စချစ်မိသည့် အချိန်ထဲက ခေါင်းကွဲပြီး ဆေးရုံမရောက်ခင်အချိန်အထိ ခခအား
လျစ်လျူရှုခဲ့သော ကိုကိုသည် အခုတော့
လူစားများထိုးခံရတာလားဟုပင် ခခဖြင့် တစ်ခါတစ်ခါတွေးမိသည်....

အခန်းထဲ၀င်ပြီး ကိုကို့ကို ဘာလုပ်မလို့ ခေါ်တာလဲဟု မေးတော့ ကိုကိုက သူ့အင်္ကျီ ရင်ဘတ်စကို ညွှန်ပြသည်.....

"ဒီမှာကြယ်သီးတစ်လုံးပြုတ်နေတယ်"

"အဲ့တာများ ကိုကိုရယ် .... တခြား အင်္ကျီ၀တ်လိုက်လေ ခခညကျတော့ တပ်ပေးမှာပေါ့လို့ "

"ဒီအင်္ကျီပဲ ၀တ်ချင်တာ ..... အဲ့တာ ခခ ကိုယ့်ကို အခုချက်ချင်းပဲ ပြန်တပ်ပေး "

လုပ်ချင်ပြီ ဖြစ်ချင်ပြီဆို တဇွတ်ထိုးလုပ်တတ်သည့် ကိုကို့အား ခခခေါင်းအသာ ခါရမ်းလိုက်ပြီး .....

"ကဲ အဲ့တာဆိုလဲ အရင်ချွတ်လေ .... ချွတ်မှ ခခကပြန်တပ်ပေးလို့ရမှာပေါ့ "

"ဒီအတိုင်း တပ်လို့မရဘူးလား "

"ဘယ်လိုဒီအတိုင်းလဲကိုကိုရဲ့ .... ကိုကို၀တ်ထားတဲ့ အတိုင်းလား "

"အင်း "

"ဟာ ကိုကို ကလဲ ကိုကို၀တ်ထားရက်နဲ့ ခခက ဘယ်လိုတပ်ပေးလို့ရမှာလဲလို့ "

"ရတာပေါ့ .... ကိုယ်က ဒီအတိုင်း မလှုပ်ဘဲ ရပ်နေမယ်လေ.... ခခဒီအတိုင်းတပ်လို့ရတာပဲ "

စကားတတ်လွန်းတဲ့ ကိုကို့ကို နောက်ဆုံးတော့ ခခကပဲ အရှုံးပေးလိုက်ရပြီး ကိုကို အင်္ကျီ၀တ်လျက်နဲ့ပဲ ကြယ်သီးတပ်ပေးရသည်......

အင်္ကျီက၀တ်ထားတော့ ကြယ်သီးတပ်ရတာ ကတ်သီးကတ်သတ်နဲ့ တော်တော်ခက်သည်..... အထူးသဖြင့် ဖြူဥနေသည့်
ကိုကို့ရင်ဘတ်ကို မြင်လိုက်တိုင်း ရင်တွေဖိုရလွန်း၍ အကြည့်လွှဲရသည်မှာ ခဏခဏ.....

🤍 Unrequited Love Means 🤍Where stories live. Discover now